ပုသိမ်မြို့ ကိုးဆူစစ်ဆေးရေးဂိတ်အနီး အထောက်အထားမဲ့ မွတ်စလင် ၁၃ ဦးဖမ်းမိ

ပုသိမ်မြို့ ကိုးဆူစစ်ဆေးရေးဂိတ်အနီး အထောက်အထားမဲ့ မွတ်စလင် ၁၃ ဦးဖမ်းမိ
ဓာတ်ပုံ - မင်းထက်

ပုသိမ်

ဧရာဝတီတိုင်း ဒေသကြီး၊ပုသိမ်မြို့ကိုးဆူ စစ်ဆေးရေးဂိတ်အနီး ကားတစ်စီး မသင်္ကာ၍စစ်ဆေးရာ အထောက်ထားမဲ့မွတ်ဆလင်များ တင်ဆောင်လာသည့်ကားဖြစ်နေသည်ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှုးရုံးမှပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေကပြောသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၄နာရီ မိနစ် ၃၀ ခန့်အချိန်က ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ လှည့်ကင်းဆောင်ရွက်နေစဥ် ကားတစ်စီးအား မသင်္ကာ၍ စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးရမိသူ စုစုပေါင်း ၁၃ ဦးဖြစ်ပြီး အမျိုးသား တစ် ဦးနှင့် အမျိုးသမီး ၁၂ ဦး ဖြစ်ကြောင်း ဒုရဲမှူးကြီး ထွန်းရွှေကပြောသည်။

ဓာတ်ပုံ - မင်းထက်

"မနက် ၄နာရီခွဲလောက်က ကျွန်တော်တို့ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က လှည့်ကင်းလှည့်နေတုန်း ကိုးဆူဂိတ်နားမှာ တွေ့ခဲ့တာပါ။အခုလောလောဆယ်တော့ သူတို့ကို ပုသိမ်တက္ကသိုလ် ​တေဇဆောင် ကွာရန်တင်း စင်တာ မှာထားထားပါတယ်၊ကား ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ကိုတော့ ပုသိမ် မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်" ဟု ဒုရဲမှူးကြီး ထွန်းရွှေကပြောသည်။

ဓာတ်ပုံ - မင်းထက်

အကြမ်းဖျဥ်းအရ ၎င်းဖမ်းဆီးရမိထားသူ ၁၃ဦးမှာ ဘူးသီးတောင်၊မောင်းတော ဘက်မှ ​ဖြစ်ပြီး၊ သာပေါင်း ကြက်သွန်ကွင်း လမ်းခွဲ ဘက်မှ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ရဲမှူးတင်လှိုင်ကပြောသည်။ယခု လက်ရှိတွင် ယာဥ်မောင်း နဲ့ ယာဥ်နောက်လိုက်အား ပုသိမ် မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး သယ်ဆောင်သူများဖြစ်သည့်အတွက် ဥပဒေအရ အမှုဖွင့်အရေးယူရန် ဆောင်ရွက်ထား​ကြောင်း ၎င်းမှဆက်လက်ပြောသည်။

ဓာတ်ပုံ - မင်းထက်

၎င်းဖမ်းဆီးရမိသူ ၁၃ဦးအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိမရှိ Repid Testkid ဖြင့်စစ်ဆေးရာ မည်သူမှ ပိုးကူးစက်ခံရခြင်းမရှိကြောင်း ပုသိမ်တက္ကသိုလ် ကွာရန်တင်း စင်တာမှ တာဝန်ရှိသူများမှပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly