ကိုယ်ဝန် ငါးလရှိပြီဟု ထုတ်ဖော် ပြောကြားလာတဲ့ မင်းသမီး ဟန်ဂါအင်

ကိုယ်ဝန် ငါးလရှိပြီဟု ထုတ်ဖော် ပြောကြားလာတဲ့ မင်းသမီး ဟန်ဂါအင်

တောင်ကိုရီးယား မင်းသမီးဟန်ဂါအင်နှင့် ယောင်ဂျောင်ဟွန်းတို့ ဇနီးမောင်နှံသည် ရင်သွေးလေးကို မျှော်လင့်လျက်ရှိကြောင်း ၎င်းတို့ မိသားစု၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“ဟန်ဂါအင်ရဲ့ ကိုယ်ဝန်ဟာ အခုဆိုရင် ငါးလ ရှိနေပါပြီ။ ဟန်ဂါအင်နဲ့ ယောင်ဂျောင်ဟွန်းတို့ ဇနီးမောင် နှံဟာ ၂၀၀၅ ခုနှစ်က လက်ထပ်ခဲ့တယ်။ လက်ထပ်ခဲ့ပြီးတဲ့ အချိန်ကစလို့ ယခုအကြိမ် ကိုယ်ဝန် ဆောင်ခြင်းဟာ ဟန်ဂါအင်ရဲ့ ဒုတိယမြောက် ကိုယ်ဝန် ဖြစ်ပါတယ်” ဟု BH Entertainment  ကိုယ်စား လှယ်က  နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

“မိသားစုတွေဟာ အရမ်းကို ပျော်ရွှင်နေပါတယ်။ ဟန်ဂါအင်ဟာ ကျန်းမာရေး ကောင်းမွန်အောင် ဂရုစိုက် နေထိုင်နေပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ အသိပညာတွေကိုလည်း လိုက်နာကျင့်သုံး လုပ်ဆောင်နေပါတယ်” ဟု ကိုယ်စားလှယ်က ပြောကြားသည်။

မင်းသမီး ဟန်ဂါအင်သည် ၂၀၀၄ ခုနှစ် ဧပြီလက ပထမကိုယ်ဝန် လွယ်ထားရကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ကိုယ်ဝန် ပျက်ကျခဲ့ကြောင်းနှင့် ယခုတစ် ကြိမ်သည် ဟန်ဂါအင်၏ ဒုတိယကိုယ်ဝန် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly