လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်း၂၂၀ ခန့်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမည်

လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်း၂၂၀ ခန့်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမည်
Photo - ဒီမိုးသွေးမြိတ်

ဇန်နဝါရီလ ၂၀၂၁ ၊ ၂၇ 

လူဦးရေ ၁၉၉၉ ဦး အတွက် ကိုဗစ် ကာကွယ်ဆေး စုစုပေါင်း ၂၂၂ လုံး ယနေ့(ဇန်နဝါရီ ၂၇ ရက်နေ့)နံနက် ၈ နာရီခွဲ အချိန်တွင် မြန်မာ့ လေကြောင်းလိုင်းဖြင့် ကာကွယ်ဆေးများ ကယားပြည်နယ်၊လွိုင်ကော်မြို့သို့ ရောက် ရှိ လာပြီး တာဝန်ရှိသူများ သွားရောက်သယ်ဆောင်ကာ အအေး ခန်းတွင် သိုလောင်ထားကြောင်း ကယား ပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က ပြောသည်။

ရောက်ရှိလာသည့် ကာကွယ်ဆေးများကို လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း ၂၂၀ ခန့်တို့ကို ပထမဆုံးအနေဖြင့်စတင်ထိုးပေးတော့မည်ဟု ကယား ပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က ဆက်လက် ပြောသည်။

ဒါ့အပြင် ကယား ပြည်နယ် ၇ မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများ အတွက်လည်း ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်များ ပါဝင်ကြောင်း ဒေါက်တာ ဌေးလွင်က ဆက်ပြောသည်။

“ ခုနှစ်မြို့နယ်လုံးမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို မနက်ဖြန် ၂၈ နဲ့ ၂၉ ရက်နေ့မှာ ဆက်ပြီး ထိုးမှာ ဖြစ် ပါတယ်။ ပြီးလို့ရှိရင် ၂၉ နဲ့ ၃၀ ရက်နေ့မှာ ဆရာတို့ သူနာပြု သင်တန်းကျောင်း၊ FDA (အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေး ဦးစီးဌာန) ၊ နောက် တခါ တိုင်းရင်းဆေးရုံမှာ ဝိုင်းဝန်ကုသပေးနေတဲ့ ဆရာဝန် ဆရာ မတွေ၊ ပြည်နယ်မှာရှိတဲ့ အားက စားနဲ့ ကျန်းမာ ရေးဝန်ကြီး လက်အောက်မှာရှိတဲ့ အားကစား သိပ္ပံမှာ စေတ နာ့ ဝန် ထမ်းတွေ၊ ကွာရန်းတင်း ထားတဲ့ နေရာ မှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ သူတို့မှာရှိတဲ့ ဝန်ထမ်း တွေကို လည်း တခါတည်း ထိုးပေးလိုက်မှာ ဖြစ်ပါ တယ်။” ဟု ရှင်းပြသည်။

ဒါ့အပြင် ကာကွယ်ဆေးများကို ထပ်မံ မှာကြားထားပြီး လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အစိုးရ လွှတ် တော် ကိုယ်စားလှယ်များအား ထိုးပေးရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲသည် ရန် ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးရရှိသည့် ကိုဗစ်ကာ ကွယ်ဆေးဖြစ် သည်။ ကာကွယ်ဆေးများကို ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကို ပထမဆုံးထိုးပေးမည်ဖြစ်သည်။ အစိုးရအဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များကို ၁ဝ ရက်အတွင်း ကာကွယ် ဆေးထိုးပြီး နိုင်မည်ဟု မျှော်မှန်းထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required