ရှမ်းယူနိုက်တက်အသင်း ပါဝင်ယှဉ်ပြိုင်ရမယ့် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်နဲ့ အုပ်စုပွဲစဉ်တွေ ထွက်ပေါ်

ရှမ်းယူနိုက်တက်အသင်း ပါဝင်ယှဉ်ပြိုင်ရမယ့် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်နဲ့ အုပ်စုပွဲစဉ်တွေ ထွက်ပေါ်
Photo: MNL

ရှမ်းယူနိုက်တက်အသင်း ပါဝင်ယှဉ်ပြိုင်ရမယ့် ၂၀၂၁ အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အုပ်စုအဆင့်ပွဲစဉ်တွေနဲ့ ခြေစစ်ပွဲအဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို အရင်က ကလပ်အသင်း ၃၂ သင်းနဲ့ပဲ ကျင်းပခဲ့ပေမယ့်လည်း ဒီနှစ်မှာ ကလပ်အသင်းပေါင်း ၄၀ အထိ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အာရှအရှေ့ဇုန်နဲ့ အနောက်ဇုန်ဆိုပြီး ခွဲခြားသတ်မှတ်ထားပြီး ဇုန်တစ်ခုမှာ လေးသင်းပါ အုပ်စု ငါးခု ခွဲခြားသတ်မှတ်ထားပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာနေရှင်နယ်လိဂ် (MNL) ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းးက ခြေစစ်ပွဲ (Preliminary Stage) ကနေ စတင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီး ပထမအဆင့်မှာ သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးနဲ့ ဧပြီ ၇ ရက်မှာ အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာြဖ်စပါတယ်။

ရှမ်းအသင်းအနေနဲ့ ပထမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင် ဂျပန်ကလပ် ဆီရီဇိုအိုဆာကာအသင်းနဲ့ Play-off အဆင့်မှာ အဝေးကွင်းပွဲစဉ်အဖြစ် ထပ်မံရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ အနိုင်ရခဲ့ရင် အုပ်စုအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ရှမ်းအသင်းဟာ အုပ်စုအဆင့်မှာ တရုတ်ကလပ် ရှန်ဒေါင်းလူနန်၊ ထိုင်းကလပ် Port FC နဲ့ ဟောင်ကောင်ကလပ် ကစ်ချီအသင်းတို့နဲ့ အုပ်စု (J) မှာ ကျရောက်နေတာဖြစ်ပါတယ်။

ဒီနှစ်ရဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို ဧပြီ ၁၄ ရက်ကနေ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိချန်ပီယံအသင်းကတော့ တောင်ကိုရီးယားကလပ် အူလ်ဆန်ဟွန်ဒိုင်းအသင်းဖြစ်ပါတယ်။

Ref; MNL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly