အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ဆွတ်ခူးခဲ့တဲ့ နီကိုးလ်ကစ်ဒ်မန်

အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ဆွတ်ခူးခဲ့တဲ့ နီကိုးလ်ကစ်ဒ်မန်

နာမည်ကျော် မင်းသမီး နီကိုးလ်ကစ်ဒ်မန်သည်  နိုဝင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သော  London Evening Theater Awards ဆုပေးပွဲတွင် Photograph 51 ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့သည်။

နီကိုးလ်ကစ်ဒ်မန်သည် Photograph 51 ဇာတ်ကားတွင် ဒီအန်အေသုတေသီ တစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။ ဂျိမ်းစ်မက်စ်အဗွိုင်းသည် The Ruling Class ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့သည်။

အော်စကာဆုရှင် ကစ်ဒ်မန်သည် X-ray ရောင်ခြည်သုံး ပုံရိပ်များကိ အသုံးပြုကာ  ဒီအန်အေ တည်ဆောက်ပုံအကြောင်းကို လေ့လာမှုတွင် ဦးဆောင်သူ ရိုဆလင်ဒ်ဖရန်ခ်လင်အဖြစ် ပါဝင် သရုပ် ဆောင်မှုဖြင့် အကောင်းဆုံး သရုပ်ဆောင် အမျိုသမီးဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

စတီဖင်အက်ဒ် လေဂူအီဂျက်စ်သည် The Motherf**ker with the Hat ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ညွှန်းဆုကို ဆွတ်ခူးခဲ့ပြီး ရောဘတ်အိုင်ကီက Oresteia ဇာတ်ကားဖြင့်  အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးခဲ့သည်။

အန်နာ ဖလီရှဲသည် Hangmen ဇာတ်ကားဖြင့် အကောင်းဆုံး ဒီဇိုင်းဆုကို ဆွတ်ခူးခဲ့ပြီး မိုလ်လီဒါဗီစ်သည် God Bless the Child ဇာတ်ကားဖြင့် အကောင်းဆုံး ပြဇာတ်ရေးဆရာ ဆုကို ဆွတ်ခူးခဲ့သည်။

မင်းသမီး ဂျူဒီဒန်ရှ်နှင့် မင်းသားကြီး အီအန်မက်ကီလ်လန်တို့သည်  Evening Standard  ထုတ်လုပ်သူ အီဗ်ဂျန်နီ လီဘီဒက်ဗ်နှင့်အတူ ပူးတွဲ အစီစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly