ဟားခါးပေါက်ကွဲမှု သံသယရှိသူတစ်ဦး ပေါက်ကွဲမှုအတွင်း သေဆုံးဟု ယူဆကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ပြော

ဟားခါးပေါက်ကွဲမှု သံသယရှိသူတစ်ဦး ပေါက်ကွဲမှုအတွင်း သေဆုံးဟု ယူဆကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ပြော
ဓာတ်ပုံ - ဟားခါးပို့စ်

ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ် သီတာလမ်းရှိ နေအိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲမှု ကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး လူ ၇ ဦးဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုတွင် သံသယရှိသူတစ်ဦးမှာ ပေါက်ကွဲမှု အတွင်း သေဆုံးခဲ့သည်ဟု ယူဆရကြောင်း ဟားခါးမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က မဇ္ဈိမကို ပြောသည်။

"ယမ်းနဲ့ ဆက်စပ်တဲ့ ပစ္စည်း ပေါက်ကွဲတာပါ။ လူ ၆ ဦး သေဆုံးပါတယ်။ ဒဏ်ရာရတဲ့ ၇ ဦးကို တော့ ဟားခါးမြို့နယ်ဆေးရုံမှာ တင်ထားပါတယ်။ မြို့မရဲစခန်းမှာလည်း အမှုဖွင့်ထားပါတယ်။ ဒီပေါက် ကွဲမှုကြောင့် သံသယရှိသူတွေကို စုံစမ်းနေပါတယ်။

သံသယရှိသူ တစ်ယောက်ကတော့ ပေါက်ကွဲမှုမှာ သေဆုံးသွားတယ်လို့ ယူဆပါတယ်။ ကျန်တဲ့ သူတွေကိုမိဖို့ ပြန်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ သေဆုံးသူတွေဟာ အရင်က ယမ်းလုပ် ငန်းနဲ့ ဆက်စပ်နေတဲ့သူတွေ ဖြစ်တာကြောင့် ယမ်းလုပ်ငန်းနဲ့ ဆက်စပ်တဲ့ထဲကသူတွေကိုပဲ စုံစမ်းနေ ပါပြီ” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၂၂ ရက် ည ၁၁ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ယင်းပေါက်ကွဲမှု ကြောင့် အခင်းဖြစ်ပွားသည့်နေအိမ် လုံး၀ ပျက်စီးသွားခဲ့ပြီး အနီးအနားက အိမ်အချို့ အနည်းငယ် ထိခိုက်ပျက်စီး မှု ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ ညက ၁၀ နာရီခွဲ ကျော်ကျော်လောက်မှာ အသံကို စကြားရတာပါ။ အသံကြားတဲ့နေရာကို ပြေးပြီး ကြည့်တော့ အဲဒီအိမ်က အကုန်ပျက်စီးနေပီ။ ကားကလည်း ပတ်လက်လန်နေတယ်။ ပေါက်ကွဲ မှုကြောင့် ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေလည်း တွေ့ရတယ်။ နောက်တော့ ရဲမှူးကြီးနဲ့ တာဝန် ရှိသူတွေ ရောက်လာချိန်မှာတော့ အကုန်လုံးကို တားမြစ်လိုက်တယ်” ဟု အခင်းဖြစ်ပွားမှုကို မျက်မြင်တွေ့ သည့် ဒေသခံတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly