ကပ်ဘေးကြောင့် ဥရောပရဲ့ အချမ်းသာဆုံးကလပ်အသင်း ၂၀ ပေါင် ၁.၇ ဘီလျံကျော် ဆုံးရှုံးဖို့ရှိနေ

ကပ်ဘေးကြောင့် ဥရောပရဲ့ အချမ်းသာဆုံးကလပ်အသင်း ၂၀ ပေါင် ၁.၇ ဘီလျံကျော် ဆုံးရှုံးဖို့ရှိနေ

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးရိုက်ခတ်မှုကြောင့် ဥရောပရဲ့ အချမ်းသာဆုံးကလပ်အသင်း ၂၀ အနေနဲ့ ဒီရာသီကုန်အထိ ပေါင် ၁.၇ ဘီလျံကျော် ဆုံးရှုံးဖို့ ရှိနေပါတယ်။

ကလပ်အသင်းတွေအနေနဲ့လည်း ၂၀၁၉-၂၀ ရာသီကို ပြိုင်ပွဲပြီးဆုံးတဲ့ အထိ ရက်တိုးချဲ့ကျင်းပရတာကြောင့် ပေါင် ၉၇၆ သန်းဝန်းကျင် ဆုံးရှုံးခဲ့ပြီးဖြစ်တယ်လို့ Deloitte Football Money League စစ်တမ်းက တွေ့ရှိထားပါတယ်။ 

ကလပ်အသင်းတွေဟာ ရုပ်သံဝင်ငွေနဲ့ ကွင်းဝင်ကြေး ဝင်ငွေ နှစ်ရပ်လုံးမှာ ဆုံးရှုံးမှုများစွာ ဒဏ်ခံခဲ့ရပါတယ်။ 

စပိန်ကလပ် ဘာစီလိုနာဟာ ဥရောပမှာ တခြားကလပ်အသင်းထက် ဝင်ငွေ ပိုများအောင် လုပ်ဆောင်ခဲ့ပေမယ့် ၂၀၁၈-၁၉ ရာသီကထက်တော့ ဝင်ငွေကျဆင်းခဲ့ပါတယ်။ 

ကတ်တာလန်ကလပ်ဟာ ပေါင် ၇၄၁.၁ သန်းကနေ ပေါင် ၆၂၇.၁ သန်းကို လျော့ကျသွားပေမယ့်လည်း ဝင်ငွေ ပေါင် ၆၆၇.၅ သန်းကနေ ပေါင် ၆၂၇ သန်းကို လျော့နည်းသွားတဲ့ လာလီဂါပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ရဲ့အထက် အနည်းငယ်သာကွာဟပြီး ရပ်နေပါတယ်။ 

ဘိုင်ယန်မြူးနစ် (ပေါင် ၅၅၆.၁ သန်း)၊ မန်ချက်စတာယူနိုက်တက် (ပေါင် ၅၀၉ သန်း) နဲ့ လီဗာပူးလ် (ပေါင် ၄၈၉.၉ သန်း)တို့ဟာ ထိပ်ဆုံး ၅ သင်းစာရင်းဝင် အသင်းတွေဖြစ်ပြီး လီဗာပူးလ်ကတော့ ပြီးခဲ့တဲ့နှစ် အဆင့် ၇ နေရာကနေ အဆင့် ၅ နေရာက ပီအက်စ်ဂျီအသင်းနေရာကို ဝင်ရောက်လာတဲ့အသင်းဖြစ်ပါတယ်။  

မန်ချက်စတာစီးတီး၊ ချယ်လ်ဆီး၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဂျူဗင်တပ်စ်တို့ဟာ ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ 

ကလပ်အသင်း ၂၀ ထဲက ၁၈ သင်းဟာ ပြီးခဲ့တဲ့နှစ်ရဲ့ စစ်တမ်းအတိုင်း သူတို့ရဲ့ ရပ်တည်မှုကို ဆက်လက် ထိန်းသိမ်းထားပြီး ဇင်းနစ်အသင်း (အဆင့် ၁၅ - ပေါင် ၂၀၇.၄ သန်း)နဲ့ ဖရန့်ဘတ်အသင်း (အဆင့် ၂၀ - ပေါင် ၁၅၂.၆ သန်း)တို့ဟာ ရိုးမားနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ နေရာကို အစားထိုးနေယူရပ်တည်ခဲ့ပါတယ်။

၂၀၁၉-၂၀ ရာသီမှာ ဝင်ငွေအများဆုံးကလပ်အသင်း ၂၀

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly