ဒုတိယနဲ့ကျေနပ်ခဲ့ရတဲ့ Burmese Ghouls

ဒုတိယနဲ့ကျေနပ်ခဲ့ရတဲ့ Burmese Ghouls

ဇန်နဝါရီလ ၂၄ ၊ ၂၀၂၁

မြန်မာနိုင်ငံကိုယ်စားပြုအသင်းတစ်သင်းဖြစ်တဲ့ Burmese Ghoulsအသင်းဟာ E-sportအားကစားတစ်ခုဖြစ်တဲ့ Mobile Legend ကနေကျင်းပတဲ့ ကမ္ဘာ့အဆင့်(M2) ပြိုင်ပွဲမှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရ ပြီဖြစ်သည်။

ယနေ့ ၂၄ရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲကြီးမှာတော့ မြန်မာ Burmese Ghoulsအသင်းဟာ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု Brenအသင်းကို လေးပွဲ သုံးပွဲနဲ့ရှုံးနိမ့် ခဲ့သည်။

စုစုပေါင်း ပွဲစဉ် ခုနှစ်ပွဲယှဉ်ပြိုင်ကစားကြရာမှာ ပထမပွဲစဉ်နှစ်ပွဲကိုတော့ Brenအသင်းက အပြတ်အသတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ထပ် ပွဲစဉ် (၃)၊ (၄)၊ (၅) မှာတော့ မြန်မာကိုယ်စားပြုအသင်းက ဆက်တိုက်ပြန်လည်အနိုင်ယူခဲ့သည်။ နောက်ဆုံး ပွဲစဉ် တွေဖြစ်တဲ့ (၆) နဲ့ (၇)မှာတော့ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြုအသင်းက ပြန်လည်အနိုင်ယူခဲ့ပြီး ချန်ပီယံဘွဲ့ကိုဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

M2ပြိုင်ပွဲကြီးကိုတော့ အာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ စင်္ကာပူအသင်းတို့ပါဝင်ပြီး အခြားသောနိုင်ငံတွေဖြစ်ကြတဲ့ ဘရာဇီး၊ ရုရှား၊ ဂျပန်နိုင်ငံတွေကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Burmese Ghoulsအသင်းဟာ ဒီပြိုင်ပွဲမှာတော့ အုပ်စုအဆင့်ကို ပထမနေရာကတက်လှမ်းခဲ့ပြီး နောက်ထပ် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲတွေမှာ Brenနဲ့ အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြု RRQအသင်းတို့ကိုအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲစဉ်ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။

Burmese Ghoulsအသင်းဟာ ပြီးခဲ့တဲ့ M1ပြိုင်ပွဲတုန်းကလည်း တတိယဆုရရှိခဲ့သော အသင်းလည်းဖြစ်သည်။

Burmese Ghoulsရဲ့ ကစားသမားတွေကတော့ Ace၊ Dee၊ Ruby DD၊ Kidနဲ့ May beတို့ပဲဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly