ထိုင်း ဆောက်လက်စ တံတား ပြိုကျမှု မြန်မာလုပ်သားအပါအဝင် ၁၀ ဦး ဒဏ်ရာရရှိ

ထိုင်း ဆောက်လက်စ တံတား ပြိုကျမှု မြန်မာလုပ်သားအပါအဝင် ၁၀ ဦး ဒဏ်ရာရရှိ
ဓာတ်ပုံ - The Thaiger

ဇန်နဝါရီလ ၂၃၊ ၂၀၂၁

ထိုင်းနိုင်ငံတွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ဆောက်လက်စ တံတားတစ်စင်း ပြိုကျမှု ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အပါအဝင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသား ၁၀ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

တံတား အောက်အနီးအနားတွင် အလုပ်သမားများ အလုပ်လုပ်နေစဉ် ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦး အနက် ထိုင်းနိုင်ငံသား တစ်ဦးပါဝင်ပြီး ကျန် ၉ ဦးသည် မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံသားများ ဖြစ်ကြောင်း နခွန် ရတ်ချစီမာ မှုခင်း ရဲအရာရှိတစ်ဦးအား ကိုးကား၍ ထိုင်းအခြေအစိုက် PPTV သတင်းဌာနက ဖော်ပြသည်။

ယင်း တံတားပြိုကျမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မှုခင်းရဲအရာရှိက တစုံတရာ ပြောကြားခြင်း မရှိသေးဘဲ ဖြစ်စဉ် အသေးစိတ်ကို ထပ်မံ စစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ အများစုသည် ခြေထောက်နှင့် လက်ကျိုးသည့် ဒဏ်ရာများရရှိကာ နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ တံတားသည် ၁၄ ဒသမ ၅ ကီလိုမီတာ ရှည်လျားပြီး ဘတ်ငွေ သန်း ၁၄၀၀ ကုန်ကျခံ ဆောက်လုပ်၍ နခွန် ရတ်ချစီမာ မြို့နယ်မှ တစ်ဆင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြို့နယ်များသို့ သွားရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly