Mobile Legend ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် မြန်မာအသင်း ဗိုလ်လုပွဲတက်ရောက် 

Mobile Legend ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် မြန်မာအသင်း ဗိုလ်လုပွဲတက်ရောက် 

ဇန်နဝါရီလ ၂၃ ၊ ၂၀၂၁

မြန်မာနိုင်ငံကိုယ်စားပြုအသင်းတစ်သင်းဖြစ်သည့် Burmese Ghouls အသင်းသည် Mobile Legend  ကမ္ဘာ့အဆင့်(M2) ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၁၈ရက်မှ ၂၄ရက်အထိ စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်ကာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဘရာဇီး၊ ရုရှားနိုင်ငံများမှပါဝင်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းသည် အုပ်စုတွင်းပွဲစဉ်များ၌ ရုရှားနိုင်ငံကိုယ်စားပြုအသင်းကို ၂ပွဲပြတ်အနိုင်ရခဲ့ပြီး အိမ်ရှင်စင်္ကာပူအသင်းကိုလည်း အနိုင်ရခဲ့ကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ခြင်းဖြစ်သည်။ 

ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြုအသင်းကို ၂ပွဲပြတ်ဖြင့် အနိုင်ရခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြု အသင်းကို ၃ပွဲ ၂ပွဲဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲကို ဇန်နဝါရီ ၂၄ တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Burmese Ghouls အသင်းသည် ၂၀၁၉ခုနှစ်ကကျင်းပခဲ့သည့် M1ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် တတိယနေရာ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly