KBZ မှ မြန်မာနိုင်ငံ၏ ဂြိုဟ်တုဆက်သွယ် ကွန်ယက်အဖြစ်JUPITER™ System ကိုရွေးချယ်

KBZ မှ မြန်မာနိုင်ငံ၏ ဂြိုဟ်တုဆက်သွယ် ကွန်ယက်အဖြစ်JUPITER™ System ကိုရွေးချယ်

ရန်ကုန်၊ နိုဝင်ဘာလ ၂၃ ။               ။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဂြိုဟ်တုလုပ်ငန်းကို လုပ်ပိုင်ခွင့်ရရှိထားသည့် KBZ ကုမ္ပဏီလုပ်ငန်းစု ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သောKBZ Gateway ကုမ္ပဏီလီမိတက်သည် JUPITER™ Systemအားမြန်မာ နိုင်ငံအတွင်းရှိဂြိုဟ်တု ဆက်သွယ်ရေးကွန်ယက်အား ပိုမိုများပြားကျယ်ပြန့် စွာအသုံးပြု နိုင်စေရေးအတွက်ရွေးချယ်လိုက်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

Hughes Network Systems ခေါ် LLC (Hughes)သည် တစ်ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုဆက်သွယ်ရေးကွန်ယက် အဖြေရှာဖွေခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်   ဖော်ပြပါရှိသည်။

JUPITER မြေပြင်စခန်းမှ gatewaysများဖြင့်ထိန်းချုပ်သွားမည်ဖြစ်ပြီးအဝေးထိန်းမော်နီတာစနစ်သည် Ku-(minus) နှင့် C-(minus)ပတ်လမ်းရှိ  ဂြိုလ်တုဆက်သွယ်ရေးများနှင့်ချိတ်ဆက်ကာ လုပ်ငန်းစုများ၊ ဝယ်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများအားသို့ ဆက်သွယ်ချိတ်ဆက်ပေးသွားမည်ဖြစ်သည်။

 "မြန်မာနိုင်ငံအတွင်းကနေချိတ်ဆက်နိုင်မယ့် အရည်အသွေးမြင့်ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုတွေကတစ်ဆင့် လုံးဝပြတ်တောက်မှုမရှိတဲ့ ဆက်သွယ်ရေးစနစ်ကို မကြာမီမှာပေးစွမ်းနိုင်တော့မှာပါ။" ဟု  KBZ Gatewayကုမ္ပဏီလီမိတက်၏ CEO ဖြစ်သူStephaneLamoureuxမှပြောကြားသည်။

မြေအောက်ဆက်သွယ်ရေးနည်းပညာသည် Chip (SoC)အသုံးပြုသည့် အားကောင်းသောJUPITER Systemဖြစ်ပြီး သီးသန့်ဒီဇိုင်းဆွဲထားသောသေးငယ်သည့် ကွန်ပျူတာဗဟိုတွက်ချက်မှု အစိတ်အပိုင်းများဖြင့် တပ်ဆင်တည်ဆောက်ထားသည့် ဘက်စုံရတည်ဆောက်ပုံဖြစ်ကြောင်း JUPITER ကွန်ရက်တစ်ခုလုံး၏ ဗဟိုခလုတ်ထိန်းချုပ်ရေးစနစ်တိုင်းအား ၁၀၀Mbpsပို့ လွှတ်ပေးလျက်ရှိသည် ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

Mizzima Weekly