ဖောက်ခွဲပစ္စည်းများ ပါမပါ စစ်ဆေးရာမှ မူးယစ်ဆေးသုံးစွဲသူ နှစ်ဦးအား စစ်တွေတွင် ဖမ်းမိ

ဖောက်ခွဲပစ္စည်းများ ပါမပါ စစ်ဆေးရာမှ မူးယစ်ဆေးသုံးစွဲသူ နှစ်ဦးအား စစ်တွေတွင် ဖမ်းမိ

စစ်တွေ၊ နိုဝင်ဘာ ၂၃ ။             ။ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၁၉ ရက်က ဖောက်ခွဲပစ္စည်းများ ဝင်ရောက်မလာနိုင်စေရန်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် အဖွဲ့ ၅ ဖွဲ့ပူးပေါင်း၍ မြို့အဝင်ပေါက်များကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အချို့တိုင်းရင်းသားဒေသ၌ တိုက်ပွဲများဖြစ်နေသောကြောင့် ဖောက်ခွဲပစ္စည်းများဝင်ရောက်လာမည်ကို စိုးရိမ်၍  မြို့အဝင်ပေါက်ဂိတ်များ၌ ရှာဖွေစစ်ဆေးမှုလုပ်နေသည့် ကာလတွင် wy မူးယစ်ဆေးပြား ဖမ်းမိကြောင်း ရဲမှူးကြီးကဆိုသည်။

“wy နဲ့ပတ်သက်ပြီးတော့ ကျနော်တို့မိတယ်။ လောလောဆယ်တော့  သုံးဆွဲတဲ့အနေထားရှိသူတွေကို မိတဲ့အတွက် သိပ်ပြီးတော့ အင်နဲ့အားနဲ့တော့ မမိသေးပါဘူး။ကျနော်တို့ပြည်တွင်းမှာ ကချင်ပြည်နယ် ဘက်တွေမှာလည်း KIA ဘာညာစသည်ဖြင့် တိုက်ပွဲလေးတွေဖြစ်နေတော့ ကျနော်တို့နယ်ဘက်တွေကို ဒီလိုလက်နက်ခဲယမ်းနဲ့ ပသတ်တောတွေ ကူးစက်မလာရေး အကုန်လုံး ကျနော်တို့ဒေသ ကလူတွေ အေးအေးချမ်းချမ်းနေနိုင်ရေးအတွက် လုံခြုံရေးတွေကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်တယ်” ဟု စစ်တွေခရိုင်-ဒုရဲမှူးကြီး ဦးဝင်းနောင်ကပြောသည်။

နိုဝင်ဘာ ၂၃ရက် နေ့လည်က စစ်တွေမြို့နယ် ကျောက်တန်းတံတားဂိတ်တွင် wy စိတ်ကြွဆေးပြား ၃ ပြားနှင့် လူနှစ်ဦးကို ဖမ်းဆီးရခဲ့ခြင်းဖြစ်ကာ ဖမ်းစီးရမိသည့် လူနှစ်ဦးမှာ မင်းပြားမှ ဖြစ်သည်။

စစ်ဆေးမှု ပြုလုပ်နသည့် ကာလတွင် ခရီသွားပြည်သူများကို စိတ်အနှောက်အယှက် မဖြစ်စေရန် အမြန်ဆုံးရှာဖွေစစ်ဆေးခဲ့ပြီး စစ်တွေမြို့တွင်းကို ဝင်ရောက်ရန် မသင့်သည့် ပစ္စည်းများ မဝင်ရောက်နိုင်ရန် အဓိထား ဆောင်ရွက်သည်ဟုလည်း ဒုရဲမှူးကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly