ဘိုကာဂျူနီယာအသင်း ဒီယေဂိုအာမန်ဒို မာရာဒိုနာဖလား ဆွတ်ခူး

ဘိုကာဂျူနီယာအသင်း ဒီယေဂိုအာမန်ဒို မာရာဒိုနာဖလား ဆွတ်ခူး
Photo: EPA

 ဘိုကာဂျူနီယာအသင်းဟာ ဘန်ဖီးလ်အသင်းကို ပင်နယ်တီ ၅-၃ ဂိုးနဲ့ အနိုင်ယူအပြီး ပထမဆုံးသော ဒီယေဂို အာမန်ဒို မာရာဒိုနာဖလားကို ဆွတ်ခူးခဲ့ပါတယ်။ 

မာရာဒိုနာဟာ နိုဝင်ဘာလက ကွယ်လွန်သွားခဲ့ပြီး အာဂျင်တီးနားဟာ ဘိုကာကစားသမားဟောင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းရဲ့ လိဂ်ဖလားကို အမည်ပြောင်းခဲ့တာပါ။ 

ဘိုကာဟာ အက်ဝင်း ကာမိုနာရဲ့ ဂိုးနဲ့ တောက်လျှောက်ဦးဆောင်ခဲ့ပေမယ့် လူစီယာနို လော်လိုက ပွဲပြီးခါးနီးမှာ ဘန်ဖီးလ်အတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ 

ဘိုကာအသင်းဟာ သူတို့ရဲ့ ပင်နယ်တီ ၅ လုံးစလုံးကို ဂိုးအဖြစ် ပြောင်းလဲခဲ့ပေမယ့် ဂျော့ရိုဒီရီဂွက်ဇ်က ဘန်ဖီးလ်အတွက် အဆုံးအဖြတ်အလုံးကို လွဲချော်ခဲ့ပါတယ်။ 

"ဒီဖလားဟာ ဒီယေဂိုကို ဂုဏ်ပြုတဲ့ ဖလားပါ။ သူဟာ ကျနော်တို့ရဲ့ အောင်ပွဲနဲ့အတူ လိုက်ပါဆင်နွှဲမယ်ဆိုတာ သေချာပါတယ်။"လို့ ဘိုကာအသင်းမှ ရာမွန် အာဘီလာက ပြောပါတယ်။ 

ဘိုကာအသင်းဟာ ပြီးခဲ့တဲ့ အပတ်က ဆန်တို့စ်အသင်းကို ရှုံးနိမ့်ပြီး တောင်အမေရိကချန်ပီယံဖလားမှ ထွက်ခွာခဲ့ပြီးနောက် ဒီဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly