ဘာစီလိုနာနဲ့ ကစားသမားဘဝ ပထမဆုံးအနီကတ်အတွက် မက်ဆီ ၄ ပွဲအထိ ပွဲပယ်ခံရဖွယ်ရှိ

ဘာစီလိုနာနဲ့ ကစားသမားဘဝ ပထမဆုံးအနီကတ်အတွက် မက်ဆီ ၄ ပွဲအထိ ပွဲပယ်ခံရဖွယ်ရှိ
Photos: AFP & EPA

 လီယွန်နယ် မက်ဆီဟာ ဘီလ်ဘာအိုအသင်းကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်တဲ့ တနင်္ဂနွေနေ့ရဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝ ပထမဆုံး အနီကတ်ပြသခံခဲ့ရပြီးနောက် လေးပွဲအထိ ပွဲပယ်ခံရဖွယ်ရှိပါတယ်။ 

ဂရစ်ဇ်မန်းဆီက သွင်းဂိုးနှစ်ဂိုးဟာ ရော်နယ်လ်ကိုးမန်းရဲ့ ပထမဆုံးဖလားဖြစ်လာနိုင်ဖွယ်ရှိမေယ့် ဆက်ဆီယာ ဗီလာလီဘာရဲ့ မိနစ် ၉၀ သွင်းဂိုးက ပွဲကို အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။ 

အချိန်ပို ပထမပိုင်းအစ ၉၄ မိနစ်မှာပဲ အင်နာကီ ဝီလီယမ်စ်က ဘီလ်ဘာအိုကို ဦးဆောင်စေခဲ့ပြီး ဘာစီလိုနာဟာ ၃-၂ ဂိုးနဲ့ အရေးနိမ့်နေချိန် မက်ဆီဟာ ပြိုင်ဘက်ကစားသမား ဗီလာလီဘာရဲ့ ခေါင်းကို ညာဘက်လက်နဲ့ ပြင်းပြင်းထန်ရိုက်ပြီး ဆွဲလှဲသလိုဖြစ်ခဲ့လို့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ 

စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြိုင်ပွဲကော်မတီဟာ ဘာကာအသင်းခေါင်းဆောင်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဆုံးဖြတ်ဖို့ ဒီအပတ်မှာ တွေ့ဆုံပါလိမ့်မယ်။

အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ သေချာပေါက် နှစ်ပွဲပယ်ခံရမှာဖြစ်ပေမယ့် နောက်ထပ် နှစ်ပွဲအထိပါ ပယ်ခံရဖွယ်ရှိပြီး ပြိုင်ပွဲကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေပြန်ပါတယ်။ 

ဒါ့ကြောင့် သူဟာ တတိယတန်းကလပ် ကော်နယ်လာနဲ့ ရင်ဆိုင်ရမယ့် ကြာသပတေးနေ့ရဲ့ စပိန်ဘုရင့်ဖလားပွဲစဉ်နဲ့ လာလီဂါမှာ အယ်လ်ချီအသင်းနဲ့ လာမယ့်အပတ်ရဲ့ ပွဲစဉ်ကိုပါ လွဲချော်မှာဖြစ်ပါတယ်။ တကယ်လို့ ပွဲပယ်ပြစ်ဒဏ်ထပ်တိုးခံရပါက ဘာကာအနေနဲ့ စပိန်ဘုရင့်ဖလားနောက်တစ်ဆင့်တက်လှမ်းမယ်ဆိုရင်လည်း ဇန်နဝါရီ ၃၁ ရက် နူးကမ့်မှာ အက်သလက်တီနဲ့ ပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်ပါတယ်။ 

မက်ဆီဟာ ဘာစီလိုနာရဲ့ အသင်းကြီးအတွက် ကစားပေးခဲ့တဲ့ ရှည်လျားတဲ့ ပွဲပေါင်း ၇၅၃ ပွဲမှာ ပထမဆုံးအကြိမ် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က ဘာကာ (B) အသင်းနဲ့ အနီကတ်တစ်ကြိမ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းနဲ့ နှစ်ကြိမ်ထိခဲ့ပြီးနောက် ဒါဟာ သူ့ရဲ့ကစားသမားဘဝ လေးကြိမ်မြောက် အနီကတ်ဖြစ်ပါတယ်။

ကိုးမန်းက ဘီလ်ဘာအိုကို ရှုံးနိမ့်ပြီးနောက် သူဟာ မက်ဆီရဲ့ စိတ်ပျက်မှုကို နားလည်ခံစားမိတယ်လို့ ပြောပါတယ်။ 

"မက်ဆီ ဘာလုပ်ခဲ့သလဲဆိုတာ ကျနော် နားလည်ပေးနိုင်ပါတယ်။"လို့ ကိုးမန်းက ပြောပါတယ်။ "သူတို့ သူ့ကို (မက်ဆီ) ဘယ်နှစ်ကြိမ်လောက် ပြစ်ဒဏ်ကျူးလွန်းခဲ့သလဲဆိုတာ ကျနော် မမှတ်မိတော့ဘူး။ ဘောလုံးနဲ့အတူ လိမ်ခေါက်ထွက်ဖို့ ကြိုးစားနေတဲ့ ကစားသမား တစ်ယောက်အနေနဲ့ သူတို့ဟာ ခင်ဗျားကို ပြစ်ဒဏ် ကျူးလွန်ဖို့ ကြိုးစားနေချိန်မှာ ဒါဟာ ပုံမှန်တုံ့ပြန်မှုပါပဲ။ ဒါပေမယ့် ဒီပြစ်ဒဏ်ကို သေချာအောင် ကျနော် ပြန်ကြည့်ဖို့လိုပါတယ်။" 

ဘာကာဟာ တနင်္ဂနွေနေ့ရဲ့ ဗိုလ်လုပွဲကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ ၉ ပွဲရှုံးပွဲမရှိဟာလည်း ရပ်တန့်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly