အခွင့်အရေးကို လွဲချော်လို့ စိတ်ပျက်တဲ့ ဆိုးလ်ရှား၊ လီဗာပူးလ် ဆက်လက် 'တိုက်ပွဲ'ဝင်သွားမယ်လို့ ပြောတဲ့ ကလော့ပ်

အခွင့်အရေးကို လွဲချော်လို့ စိတ်ပျက်တဲ့ ဆိုးလ်ရှား၊ လီဗာပူးလ် ဆက်လက် 'တိုက်ပွဲ'ဝင်သွားမယ်လို့ ပြောတဲ့ ကလော့ပ်
Photos: AFP & EPA

တနင်္ဂနွေနေ့က အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အတွက် အယ်လီဆန်ရဲ့ နောက်ကျဂိုးပေါက်ကာကွယ်မှု နှစ်ကြိမ်နဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်တို့အတွက် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ ပြတ်ပြတ်သားသား အမှတ်ဖြတ်နိုင်မယ့် အခွင့်အရေးလွဲချော်ခဲ့လို့ ဆိုးလ်ရှားဟာ စိတ်ပျက်ခဲ့ပါတယ်။ 

ယူနိုက်တက်တို့ဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ လက်ရှိချန်ပီယံကို သုံးမှတ်ဖြတ်နိုင်ပေမယ့် လီဗာပူးလ်ရဲ့ ခံစားအားနည်းမှုကိုတော့ အခွင့်ကောင်း မယူနိုင်ခဲ့ပါဘူး။ 

ဂိုးသမား အယ်လီဆန်ဟာ ပွဲချိန်ရဲ့ နောက်ဆုံး ၁၅ မိနစ်အတွင်းမှာ ဘရူနိုဖာနန်ဒက်ဇ်နဲ့ ပေါလ်ပေါ့ဂ်ဘာတို့ရဲ့ ဂိုးကန်ချက်တွေကို ကာကွယ်ပြီး သူ့ရဲ့ အရည်အသွေးကို ပြသခဲ့သလို ဧည့်သည်အသင်းက အန်ဖီးလ်မှာ လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်မှာ ၆၈ ပွဲ ရှုံးပွဲ မရှိစံချိန်ကို အဆုံးသတ်ပေးဖို့ နီးစပ်ခဲ့ပါတယ်။

"ကျနော်တို့ ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ အခွင့်အလမ်းတစ်ခုကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ပြိုင်ဖက်ကောင်းအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတာပါ။"လို့ ဆိုးလ်ရှားက ပြောပါတယ်။

"ကျနော်တို့ဟာ ပွဲစဉ်အတွင်းမှာတော့ ကောင်းသထက် ကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ယူဆခဲ့ပြီး ပွဲပြီးဆုံးခါနီးမှာတော့ အနိုင်ပိုင်းနိုင်ခြေရှိတဲ့အသင်းက ကျနော်တို့ဖြစ်ခဲ့တယ်။ ကျနော်တို့ဟာ ကြီးမားတဲ့ အခွင့်အရေး နှစ်ကြိမ် ဖန်တီးခဲ့ပြီး သူတို့ရဲ့ဂိုးသမားကတော့ တကယ့်ကို အတော်ကြီးကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု နှစ်ကြိမ်လုပ်ပြသွားနိုင်ခဲ့ပါတယ်။" 

လီဗာပူးလ်ကတော့ စီနီယာနောက်ခံဗဟိုကစာသမား ကြံခိုင်မှု မရှိတာကြောင့် ယာဂန်ကလော့ပ်ဟာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့ကို နောက်တန်းကို ပို့ဆောင်ခဲ့ရပါတယ်။

ကလော့ပ်ရဲ့ ကစားသမားတွေဟာ ၂၀၀၅ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်သုံးပွဲဆက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ အခုချိန်မှာတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး လေးပွဲ နိုင်ပွဲပျောက်ဆုံးနေပါတယ်။ 

"ကျနော်တို့ အခွင့်အရေးတွေ ဖန်တီးခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ပွဲမတိုင်ခင်က အရာအားလုံးပြောခဲ့သလို သူတို့ဟာ အမြင့်ပျံနေပြီး ကျနော်တို့ကတော့ ရုန်းကန်နေရတယ်။ ကျနော်တို့ ကောင်လေးတွေက တကယ့်ပွဲကောင်းတစ်ပွဲကို ကစားခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဆိုတော့ကျနော်တို့ အရာရာတိုင်းအတွက် တိုင်ပွဲဝင်သွားပါမယ်။"လို့ ကလော့ပ်က ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly