မော်ရင်ဟိုနှင့်ပြဿနာမရှိဟု ချယ်လ်ဆီးကွင်းလယ်လူ ဟာဇက်ပြော

မော်ရင်ဟိုနှင့်ပြဿနာမရှိဟု ချယ်လ်ဆီးကွင်းလယ်လူ ဟာဇက်ပြော

နိုဝင်ဘာ ၂၃၊ လန်ဒန် ။                 ။ ချယ်လ်ဆီးကွင်းလယ်ကစားသမား ဟာဇက်က နည်းပြမော်ရင်ဟိုနှင့် မည်သည့်ပြဿနာမရှိဟုဆိုပြီး ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ အသင်းတွင်သာ ဆက်နေချင်သည်ဟု ပြောသည်။

ယင်းဘယ်လ်ဂျီယံကွင်းလယ်ကစားသမားသည် ယခုနှစ်တွင် ခြေစွမ်းကျဆင်းနေသော ကစားသမားများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။

လက်ရှိချန်ပီယံအသင်းမှာ အမှတ်ပေးဇယားထိပ်မှ လက်စတာနှင့် ၁၄ မှတ်ကွာပြီး အဆင့် ၁၅ သို့ရောက်နေသောကြောင့် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုမှာလည်း အကျပ်အတည်းကြုံနေရသည်။

"ကျွန်တော်သူနဲ့ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့အတူတူ ဆုဖလားတွေရယူဖို့ မျှော်လင့်ထားကြပါတယ်။ ဒီရာသီမှာတော့ မဖြစ်နိုင်လောက်ပါ ဘူး။ ခက်ခဲနိုင်လို့ပါ။ နောက်ရာသီတွေမှာပေါ့"ဟု အသက် ၂၄ နှစ်ရှိ ဟာဇက်ကပြောသည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ် ၁၃ ပွဲတွင် လေးမြောက်သာဖြစ်သောနိုင်ပွဲအဖြစ် နော့ဝှစ်ချ်ကို ၁-၀ ဖြင့်နိုင်ပြီးနောက် နော့ဝှစ်ချ် အသင်း၏ အထက် အမှတ်ပေးဇယားအဆင့် ၁၅ နေရာသို့ရောက်ရှိခဲ့သည်။

မကြာသေးခင်က ရီးယဲလ်မက်ဒရစ်နှင့်သတင်းများထွက်ပေါ်ခဲ့သော ဟာဇက်သည် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲကစားပြီး ဂိုးသွင်းနိုင်ခြင်းမရှိသေးသူဖြစ်သည်။

ပြီးခဲ့သည့်ရာသီကမူ ဂိုး ၂၀ သွင်းပြီး ပရော်ဖက်ရှင်နယ်ကစားသမားများအစည်းအရုံးနှင့် ဘောလုံးအားကစားကလောင်ရှင်များ အစည်းအရုံးတို့မှချီးမြှင့်သည့် တစ်နှစ်တာအထူးချွန်ဆုံးဆုများကို ရရှိခဲ့သည်။

၎င်း၏ခြေစွမ်းနှင့်ပတ်သက်ပြီး ဟာဇက်က "ရာသီအစပိုင်းကိုကောင်းကောင်းမစနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာကြိုးစားအဖြေရှာနေပေမယ့် မရခဲ့ဘူး။ တစ်ခါတရံဘာကြောင့်မှန်းမသိရင် ဆက်ကြိုးစားနေရမှာပါ။

လေ့ကျင့်ရေးကွင်းထဲမှာဖြစ်ဖြစ် ပွဲထဲမှာဖြစ်ဖြစ် အကောင်းဆုံးကြိုးစားနေပါတယ်။ အရင်ခြေစွမ်းပြန်ရပြီး ပွဲတွေအနိုင်ရဖို့ အသင်းကို ကူညီပေး နိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly