လေးဦးမြောက် ကိုဗစ်ကူးစက်ခံရမှုရှိပေမယ့် သြစတြေးလျ အိုးပင်းပြိုင်ပွဲ နှောင့်နှေးခြင်း မရှိ

လေးဦးမြောက် ကိုဗစ်ကူးစက်ခံရမှုရှိပေမယ့် သြစတြေးလျ အိုးပင်းပြိုင်ပွဲ နှောင့်နှေးခြင်း မရှိ

သြစတြေးလျအိုးပင်းပြိုင်ပွဲ အကြီးအကဲ Craig Tiley က တင်းနစ်ကစားသမား ၄၇ ဦးဟာ သူတို့ရဲ့ ဟိုတယ်အခန်းတွေမှာ သီးသန့်ခွဲခြားထားရတဲ့အတွက် "အခြေအနေကောင်းတော့ မဟုတ်ဘူး"လို့ ဝန်ခံနေရင်းပဲ ဂရင်းစလင်းပြိုင်ပွဲကို လာမယ့်လမှာ စီစဉ်ထားတဲ့အတိုင်း စတင်မယ်လို့ တနင်္ဂနွေ့နေ့က အခိုင်အမာဆိုခဲ့ပါတယ်။ 

စနေနေ့က မဲလ်ဘုန်းနဲ့ Adelaide ကို ကစားသမားတွေနဲ့ သူတို့ရဲ့ အဖွဲ့ဝင်တွေလိုက်ပါလာတဲ့ လေကြောင်းလိုင်း ၁၇ ခုအနက် ၂ ခုမှာ လူသုံးဦး Covid-19 ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိပြီးချိန်မှာတော့ ပြိုင်ပွဲကို အနှောက်အယှက်ဖြစ်ခဲ့ပါတယ်။ 

တနင်္ဂနွေနေ့က လော့စ်အိန်ဂျယ်လိစ်ကနေ အလားတူလေယာဉ်တစ်စင်းထဲမှာပင် ရုပ်သံထုတ်လွှင့်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဟာ လေးဦးမြောက် ကူးစက်ခံရပါတယ်။ 

ကစားသမားတွေ တစ်ဦးမျှ ကူးစက်ခံရမှုမှာ မပါဝင်ပေမယ့်လည်း တစ်ဦးကတော့ ကနေဒါရဲ့ ၂၀၁၉ ယူအက်စ်အိုးပင်ဆုရှင် ဘီယန်ကာ အန်ဒရီအက်စကူးရဲ့ နည်းပြဖြစ်ပါတယ်။ တခြားတစ်ဦးကလည်း နည်းပြဖြစ်ပေမယ့် ဘယ်သူဘယ်ဝါဆိုတာကိုတော့ မဖော်ခဲ့ပါဘူး။ 

လေယာဉ်ပေါ်ပါလာသူတိုင်းကို အနီးကပ်ဆက်စပ်ထိတွေ့သူတွေလို့ သတ်မှတ်ခံရပြီး ၁၄ ရက်တာ မဖြစ်မနေ quarantine ထားတဲ့ ကာလအတွင်း သူတို့ရဲ့ ဟိုတယ်အခန်းကနေ အပြင်မထွက်ဖို့ အမိန့်ပေးခံရပါတယ်။ 

ပြိုင်ပွဲဝင် တင်းနစ်ကစားသမား ၄၇ ဦးဟာ တစ်နေ့ ၅ နာရီ ပြင်ပမှာ လေ့ကျင့်ခန်းဆင်းခွင့်ပြုမှာ မဟုတ်ဘဲ နှစ်တစ်ရဲ့ အဖွင့်ပြိုင်ပွဲ Grand Slam ကို ယခင်သဘောတူထားတဲ့အတိုင်း ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီထဲမှာ ပါဝင်တဲ့ ကစားသမားအချို့ဟာ ပြင်ဆင်မှုအပိုင်းတွေမှာ ဆိုးဆိုးရွားရွားထိခိုက်မှုရှိလာနိုင်ပါတယ်။ 

"ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး အရမ်းအန္တရာယ်ရှိနိုင်တယ်ဆိုတာကို ကျနော်တို့ အမြဲတမ်း သိခဲ့တယ်။ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ပြောလို့တော့ မရပါဘူး။ ဒါပေမယ့် သြစတြေးလျ အိုးပင်းဟာ ရှေ့ဆက်သွားနေပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ အကောင်းဆုံး ဆက်လုပ်သွားမှာပါ။"လို့ Tiley က Channel Nine ရုပ်သံကို ပြောကြားခဲ့ပါတယ်။ 

Adelaide ကို ပျံသန်းလာတဲ့ လေကြောင်းလိုင်း နှစ်လိုင်းရဲ့ တစ်လိုင်းမှာ ပြိုင်ပွဲရဲ့ နာမညအကြီးဆုံးကစားသမားအချို့ ရောဂါကူးစက်ခံရတယ်ဆိုတဲ့ဖြစ်ရပ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို ပွဲစဉ်စီစဉ်သူတွေက ပယ်ချခဲ့ပါတယ်။ 

ကစားသမားအများစုဟာ မဲလ်ဘုန်းကို တိုက်ရိုက်သွားခဲ့ပေမယ့် နိုဗက် ဂျိုကိုဗစ်၊ ရာဖေးလ် နဒါးလ်၊ ဆီရီနာ ဝီလီယံနဲ့ အိုဆာကာတို့အပါအဝင် ကမ္ဘာ့ထိပ်တန်းကစားသမားတွေဟာ သြစတြေးလျတောင်ပိုင်းဆီ အရင်သွားရောက်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly