အာဆင်နယ်ကွင်းလယ်လူ ကိုကွီလင်ဒူးဒဏ်ရာကြောင့် ၂၀၁၅ နှစ်ကုန်ထိနားရမည်

အာဆင်နယ်ကွင်းလယ်လူ ကိုကွီလင်ဒူးဒဏ်ရာကြောင့် ၂၀၁၅ နှစ်ကုန်ထိနားရမည်

နိုဝင်ဘာ ၂၃၊ လန်ဒန် ။              ။ အာဆင်နယ် ကွင်းလယ်ကစားသမားဖြစ်သူ ကိုကွီလင်သည် ဒူးဒဏ်ရာကြောင့် ၂၀၁၅ နှစ်ကုန်ထိ အနားယူရတော့မည်ဖြစ်သည်။ ယင်း ကွင်းလယ်ကစားသမားသည် စနေနေ့တွင် ဝက်စ်ဘရွန်းအသင်းကိုရှုံးသည့်ပွဲ၌ ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

ကိုကွီလင်သည် ဒူးဒဏ်ရာကို ဆေးစစ်မှုခံယူခဲ့ရာ ဒူးအရွတ်ပျက်ဆီးသွားခဲ့ခြင်းဖြစ်သည်ဟု အဖြေထွက်ခဲ့သည်။ သို့သော် ကိုကွီလင်ဒဏ်ရာ ကြောင့် အနားယူရမည့်အချိန်အတိအကျကို သိရှိရန်အတွက် အာဆင်နယ်ဆေးအဖွဲ့မှ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

ယင်းနောက်တွင်မှ ကစားသမားဖြစ်သူ၏ဒဏ်ရာအခြေအနေအတိအကျကို အာဆင်နယ်အသင်းက သိရှိမည်ဖြစ်သည်။ သို့သော်လည်း အသက် ၂၄ နှစ်အရွယ်ရှိကွင်းလယ်ကစားသမားမှာ ၂၀၁၅ အတွင်းဘောလုံးပြန်ကစားနိုင်ရန် ခက်ခဲမည်ဖြစ်သည်။

ကိုကွီလင်အနားယူရမည့်သတင်းမှာ ဒဏ်ရာရရှိမှုများကြောင့် အကြပ်ရိုက်နေသည့် အာဆင်နယ်နည်းပြဝင်းဂါးအတွက်လည်း သတင်းဆိုး ဖြစ်ခဲ့ရသည်။

ကိုကွီလင်သည် လွန်ခဲ့သည့် ၁၂ လအတွင်း အာဆင်နယ်ကွင်းလယ်အဖျက်ကစားသမားနေရာကို ခြေစွမ်းပြပြီး အခိုင်အမာရယူထားသူ တစ်ဦးဖြစ်သည်။

ကိုကွီလင်၏ဒဏ်ရာအခြေအနေအဖြေအတိအကျကိုစောင့်ဆိုင်းနေသည့် အာစင်ဝင်းဂါးအနေဖြင့် ကွင်းလယ်ကစားသမားနေရာအတွက် ဇန်နဝါရီအပြောင်းရွှေ့ဈေးကွက်ထဲသို့ ဝင်ရောက်ရဖွယ်ရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly