ရက် ၁၀၀ အတွင်း နိုင်ငံအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ရစေလိုကြောင်း WHO ပြော

ရက် ၁၀၀ အတွင်း နိုင်ငံအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ရစေလိုကြောင်း WHO ပြော
Photo - AFP

ဇန်နဝါရီလ ၁၆ ၊ ၂၀၂၁

တစ်ကမ္ဘာလုံးမှ နိုင်ငံအားလုံးသည် ရက် ၁၀၀ အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုလားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွေ ပြောသည်။

“ကျွန်တော်တို့ ခက်ခက်ခဲခဲ လုပ်ကိုင်ဆောင်ရွက်နေရပါတယ်။. ဒါပေမယ့် ပိုပြီး လိုအပ်တဲ့ သူတွေဆီကို ကာကွယ်ဆေး ကျိန်းသေရောက်ရှိအောင် ကျွန်တော်တို့ ပိုပြီး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်း အကြိမ်ကြိမ် ပြောနေရမှာပဲ။ လာမယ့် ရက် ၁၀၀ အတွင်းမှာ နိုင်ငံတိုင်းမှာ ကာကွယ်ဆေး ထိုးနှံပေးနေတာကို ကျွန်တော် မြင်လိုတယ်။ ဒါမှပဲ ဘေးအန္တရာယ် အရမ်းရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားသူတွေ ဦးဆုံး ကာကွယ်ပေးနိုင်ရမှာ ဖြစ်တယ်”လို့ တက်ဒရော့စ် အာဒါနွမ် ဂီဘရီယေးဆက်စ်က ပြောပါတယ်။

“ဗိုင်းရပ်စ်ကို ပိုပြီး နှိမ်နင်းလေ၊ ဗိုင်းရစ်က သန္ဓေပြောင်းဖို့ အခွင့်အရေး နည်းပါးလေပါ။ ဗိုင်းရပ်စ်အရေးမှာ ပိုထိရောက်ဖို့ လိုအပ်တယ်၊ ကျွန်တော်တို့ လုပ်နိုင်သမျှကို လုပ်ကိုင်ကြရမယ်၊ ကပ်ဘေးမှာ သတ်မှတ်ပြဋ္ဌာန်းထားတာတွေ ရှိတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ညီတူမျှတူ ရကြဖို့အရေး အရေးပေါ်ကော်မတီအနေနဲ့ လုပ်ဆောင်ဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်”လို့ သူက ဆိုပါတယ်။

တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူပေါင်းဟာ နှစ်သန်းကျော် ရှိသွားပြီဖြစ်ကြောင်း WHO က သောကြာနေ့မှာ ပြောပြီး ခုလို စံချိန်တင် မြင့်တက်တဲ့ သေဆုံးနှုန်းကြောင့် ကာကွယ်ဆေး များစွာ ထိုးနှံပေးဖို့ကို တိုက်တွန်းပြောဆိုပါတယ်။

၂၀၁၉ နှစ်နှောင်းပိုင်းမှာ တရုတ်၊ ဝူဟန်မြို့ကနေ စတင်ပေါ်ပေါက်တဲ့ ကိုဗစ်ကပ်ဘေးမှာ အခု သောကြာနေ့ ဂရင်းနစ်စံတော်ချိန် ၁၈၂၅ နာရီအထိ ကမ္ဘာ့တစ်လွှားသေဆုံးသူအပေါင်းဟာ ၂၀၀၀၀၆၆ ဦး အနည်းဆုံး ရှိကြောင်း အေအက်ဖ်ပီရဲ့ စစ်တမ်းအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required