ပဒိုစောတာဒိုမှူး“ငြိမ်းချမ်းရေးက အကျိုးစီးပွား အာဏာတွေနဲ့ပတ်သက်တော့ ခက်တယ်”

ပဒိုစောတာဒိုမှူး“ငြိမ်းချမ်းရေးက အကျိုးစီးပွား အာဏာတွေနဲ့ပတ်သက်တော့ ခက်တယ်”

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် အစိုးရ-တပ်မတော်- လွှတ်တော်- နိုင်ငံတကာအသိသက်သေများ ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က လက်မှတ် ထိုးခဲ့ကြသည်။

ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ထပ်မံ လက်မှတ်ထိုးလားသည့်အတွက် ၁၀ ဖွဲ့ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိ အချိန်ထိ NCA သဘောတူ စာချုပ်ပါ ပြဋ္ဌာန်းချက်များအနက် အခန်း(၃)နှင့် အခန်း(၆) ပါ သဘောတူညီချက် များ အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေကြသလို တချို့သော အချက်များကလည်း အဓိပ္ပာယ် ဖွင့်ဆိုမှုများ ကွဲလွဲနေခြင်းကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အောင်မြင်စွာ အကောင်အထည်မဖော်နိုင်သေးဘဲဖြစ်နေသည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေးက ရရှိထားသော ပြည်ထောင်စု အစိတ်အပိုင်း- ၁/၂/၃ တို့ကိုလည်း အကောင်အထည်မဖော်နိုင်သေးသလို ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးမှာလည်း ဘုံသဘောတူညီချက်ကို ရရှိအောင် မညှိနှိုင်းနိုင်သေးဘဲဖြစ်နေသည်။

ထို့ကြောင့် NCA ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစော တာဒိုမှူးကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ တဆင့် ဆက်သွယ်မေးမြန်း ထားပါသည်။

#ပဒိုစောတာဒိုမှူး #ငြိမ်းချမ်းရေး #အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) #ကရင်အမျိုးသားအစည်းအရုံး(KNU) #မွန်ပြည်သစ်ပါတီ(NMSP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required