Covid-19 ကန့်သတ်ချက်တွေကြောင့် ဘာစီလိုနာ ဥက္ကဋ္ဌရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့တယ်လို့ ကလပ်အသင်း အတည်ပြု

Covid-19 ကန့်သတ်ချက်တွေကြောင့် ဘာစီလိုနာ ဥက္ကဋ္ဌရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့တယ်လို့ ကလပ်အသင်း အတည်ပြု

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု မြင့်တက်တာကြောင့် ဒေသတွင်း အကြီးအကျယ် ကန့်သတ်ခံရပြီးနောက် ဘာစီလိုနာအသင်းက ကလပ်အသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားတယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။ 

ရွေးကောက်ပွဲကို ဇန်နဝါရီ ၂၄ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီးဖြစ်ပေမယ့် ကက်တလိုနီးယားအစိုးရက စည်းမျဉ်းစည်းကမ်းတွေ ချွင်းချက်မရှိထားရှိတာကြောင့် ပြည်သူတွေ မဲပေးခွင့်ပြုမှာ မဟုတ်ဘူးလို့ ကလပ်အသင်းကို သောကြာနေ့နံနက်ပိုင်းက ပြောကြားခဲ့ပါတယ်။ 

ရွေးကောက်ပွဲအတွက် ကျင်းပမယ့် နေ့ရက်သစ်ကို မသတ်မှတ်ရသေးပေမယ့်လည်း ကက်တလိုနီးယားအစိုးရအနေနဲ့ ပြည်သူတွေကို စာတိုက်မှတစ်ဆင့် မဲပေးခွင့်ပေးဖို့ တောင်းဆိုလိမ့်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

"ကလပ်အသင်းဟာ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါအခြေအနေမှာ ကာတာလန်အစိုးရက ထုတ်ပြန်ထားတဲ့ အဆိုပါကြေညာချက်မှာ ကန့်သတ်ချက်တွေကြောင့် ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ကြောင်း သိရှိထားပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲရက်ဟာ နှောင့်နှေးရမှာဖြစ်ပါတယ်။ 

"ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ကလပ်အသင်းဟာ ရွေးကောက်ပွဲနေ့သစ်မှာ စာတိုက်ကနေ မဲပေးခွင့်ပြုနိုင်ဖို့အတွက် လက်ရှိ အားကစားဥပဒေကို ပြင်ဆင်မယ့် ဖြစ်နိုင်ချေကို အကဲဖြတ်ဖို့ ကာတာလန်အစိုးရအနေနဲ့ လေ့လာဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။" 

ယိုအန် လာပေါ်တာ၊ ဗစ်တာဖောင့်နဲ့ တိုနီဖရိုင်ဇာတို့ဟာ ကလပ်အဖွဲ့ဝင်တွေဆီက လိုအပ်တဲ့ ထောက်ခံလက်မှတ်တွေ အသီးသီးရရှိပြီးနောက် ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပါလိမ့်မယ်။ လာပေါ်တာနဲ့ ဖောင့်တို့ဟာ ရွေးကောက်ပွဲ အနိုင်ရဖို့ ရေပန်းစားဆုံး နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly