သင်၏ ၂၀၂၁ နှစ်သစ်အတွက် ရည်မှန်းချက် - ငွေရေးကြေးရေးဆိုင်ရာ ဗဟုသုတများနှင့် သင့်ကိုယ်သင် ပြင်ဆင်ထားပါ

သင်၏ ၂၀၂၁ နှစ်သစ်အတွက် ရည်မှန်းချက် - ငွေရေးကြေးရေးဆိုင်ရာ ဗဟုသုတများနှင့် သင့်ကိုယ်သင် ပြင်ဆင်ထားပါ

Visa Myanmar

၂၀၂၀ ပြည့်နှစ်သည် ထူးခြားသော နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး အဆိုပါနှစ်အတွင်း ဆုံးဖြတ်ချက်များသည် ကျွန်ုပ်တို့၏ လက်ရှိ အခြေအနေကို မည်သို့ အကျိုးသက်ရောက်စေသည်ကို ပြန်လည် သုံးသပ် ကြည့်သင့်သည်။ COVID-19 ကပ်ရောဂါသည် ကျွန်ုပ်တို့၏ ခံနိုင်ရည်ကို ဆန်းစစ်သည့် စမ်းသပ်မှုတစ်ခု ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ယခုအချိန်သည် မိသားစု၏ ငွေရေးကြေးရေးများနှင့် ပတ်သက်၍ ပညာသတိရှိရှိ ချဉ်းကပ်ရန် ယခင်ကထက် ပို၍ အရေးကြီးလာပြီဖြစ်သည်။ သင့်မိသားစု၏ ဝင်ငွေ၊ အသုံးစရိတ်နှင့် စုဆောင်းမှုကို သေချာစွာ ကြည့်ရှုတွက်ချက် ခြင်းအားဖြင့် လာမည့်နှစ်အတွင်းနှင့် ကူးစက်ရောဂါပြီးဆုံးချိန်တွင် သင်၏ ငွေစာရင်းကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။

Visa Myanmar အနေဖြင့် ကျွန်ုပ်တို့၏ Practical Money Skills ဝက်ဘ်ဆိုက် (myanmar.practicalmoneyskills.com) ရှိ အပြန်အလှန်ဆက်သွယ်နိုင်သော ကိရိယာများမှ တစ်ဆင့် တစ်ဦးတစ်ယောက်ချင်းနှင့် အိမ်ထောင်စုတစ်စု၏ ငွေရေးကြေးရေးဆိုင်ရာ အရေးပါမှုနှင့် ပတ်သက်၍ အများပြည်သူ၏ သိရှိမှု တိုးမြှင့်စေရန်နှင့် ဆုံးဖြတ်ချက်တိုင်းသည် ရေရှည်တွင် ၎င်းတို့၏ ငွေရေး ကြေးရေးဆိုင်ရာ လုံခြုံမှုကို အပြည့်အဝ အထောက်အကူပြုနိုင်မည်ဆိုသည့် မရှိမဖြစ် လိုအပ်သော ငွေရေးကြေးရေး ဗဟုသုတများကို ပိုမိုနားလည်စေရန် ဒေသန္တရဘာသာစကားများဖြင့် မျှဝေလျက်ရှိသည်။

ဤတွင် '4S' ဟုခေါ်သော အိမ်ထောင်စုတိုင်းအတွက် ငွေရေးကြေးရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ များစွာ အသုံးဝင်သည့် အောက်ပါ အိမ်တွင်း ငွေကြေးစီမံခန့်ခွဲမှု အချက် ၄ ချက်ကို ထည့်သွင်းစဉ်းစားသင့်သည်။

၁။ မသုံးခင် စုဆောင်းပါ

စုဆောင်းခြင်းသည် မိသားစုတိုင်းအတွက်ဖြစ်သည်။ ၎င်းသည် သင်၏ ၀င်ငွေမည်မျှရှိသည်ဆိုသည်ထက် ထိုဝင်ငွေကို မည်သို့ ခွဲဝေချထားပေးသည်ကို သုံးသပ်ခြင်းဖြစ်သည်။ သင်၏ ဝင်ငွေထက် ပိုမို သုံးမည်ဆိုလျှင် မကြာခင်တွင် အကြွေး တင်သွားနိုင်သည်။ ထို့ကြောင့်လည်း စည်းကမ်းတစ်ခုအဖြစ် အိမ်ထောင်စုတိုင်းမှ ၎င်းတို့၏ လစဉ်ဝင်ငွေ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို ခက်ခဲလာနိုင်သည့် အချိန်များအတွက် ကြိုတင် စုဆောင်းကြမည်ဆိုသော ရှင်းလင်းသည့် သတ်မှတ်ချက် ထားသင့်သည်။ အိမ်ထောင်စု တစ်ခုစီသည် ၎င်းတို့ စုဆောင်းသည့် ရည်မှန်းချက်များကို သတ်မှတ်ထားသော လိုအပ်ချက်များနှင့် အံဝင်ခွင်ကျ ဖြစ်လိုကြသည်။ သင်၏ မိသားစုသည် လစဉ် မည်မျှ စုဆောင်သင့်သည်ကို ဤနေရာတွင် ကြည့်နိုင်သည်။

လစဉ်၀င်ငွေ၏ ၁၀ ရာခိုင်နှုန်းသည် ငွေအနည်းငယ်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း သင်သည် ထိုစုဆောင်းငွေကို ပညာရှိစွာ ကိုင်စွဲထားမည်ဆိုပါက ၎င်းသည် အချိန်ကြာလာသည်နှင့်အမျှ သိသိသာသာ ကြီးထွားလာ နိုင်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အတိုးနှုန်းမူဝါဒကို တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းနှင့် အနိမ့်ဆုံး ဘဏ်အပ်ငွေ အတိုးနှုန်းမှာ

၅ ရာခိုင်နှုန်း အသီးသီးသတ်မှတ်ထားရာ ၎င်းတို့ပေါင်းစပ်ထားသော အတိုးနှုန်းဖြင့် သင်၏ စုငွေများကို အံ့အားသင့်လောက် နိုင်သည့် နှုန်းဖြင့် စုဆောင်းနိုင်သည်။ သင်၏ ဝင်ငွေ/လစာစာရင်းမှ ၁၀ ရာခိုင်နှုန်းကို စုငွေအကောင့်သို့ လစဉ်နေ့စွဲတစ်ခု သတ်မှတ်၍ အလိုအလျောက်တိုက်ရိုက် ငွေလွှဲပြောင်းပေးရန် သင်၏သက်ဆိုင်ရာ ဘဏ်များတွင်လည်း လျှောက်ထား နိုင်သည်။ ဤနေရာတွင် နှစ်များအတွင်း သင်၏ ငွေမည်မျှ ကြီးပွားနိုင်သည်ကို တွက်ချက်ခြင်းဖြင့် သင်၏ လစဉ်စုငွေ အနည်းငယ်သည် ရေရှည်တွင် မည်မျှရှိမည်ကို သိနိုင်သည်။

၂။ Scan နှင့် Record

အသုံးစရိတ်တိုင်းကို အချိန်နှင့် တပြေးညီ မှတ်တမ်းတင်ခြင်းသည် လိုအပ်သည့် အသုံးစရိတ်နှင့် မလိုအပ်သည့် အသုံးစရိတ်များအကြား ခြားနားချက်ကို ပေါ်လွင်စေသည်။ စမတ်ဖုန်းအက်ပလီကေးရှင်းများစွာသည် လက်ခံဖြတ်ပိုင်း များကို စကင်ဖတ်စစ်ဆေးပြီး သင့်၏ နေ့စဉ်အသုံးစရိတ်များကို ကုန်စုံပစ္စည်းများ၊ စားသောက်ဆိုင် အစားအစာများ၊ ဇိမ်ခံပစ္စည်းများ၊ မမျှော်လင့်သော ကုန်ကျစရိတ်များစသည့်ဖြင့် အမျိုးအစားများခွဲခြားနိုင်သည်။ ထိုနည်းဖြင့် သင်၏ တစ်နေ့တာ အသုံးစရိတ်များကို အချိန်နှင့်အမျှ သိနိုင်ပြီး သင်၏ ငွေစုရည်မှန်းချက်ကို ရောက်ရှိရန် မည်သည့် ကုန်ကျစရိတ်ကို လျှော့ချရမည်ကို သုံးသပ်နိုင်မည်ဖြစ်သည်။

အသုံးစရိတ်များကို ချရေးထားခြင်းသော်လည်းကောင်း ဒီဂျစ်တယ်နည်းဖြင့် မှတ်သားထားခြင်းသော်လည်းကောင်းသည် ဘဝတစ်သက်စာ ငွေရေးကြေးရေးလုံခြုံမှုအတွက် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ် ရောက်ရှိလာပြီ ဖြစ်ရာ နှစ်သစ်ကူးရည်မှန်းချက် တစ်ခုအနေဖြင့် ကုန်ကျသမျှကို မှတ်သားထားရန်လည်း ဖြစ်နိုင်မည်။ ထို့ပြင် သင်သည် ကျောင်းသားဖြစ်ပြီး ပညာရေးအတွက် စုဆောင်းနေသူဖြစ်စေ၊ ပထမဆုံးအကြိမ် အလုပ်လုပ်သူဖြစ်စေ၊ သားသမီးများ ရှိသော မိဘများဖြစ်စေ၊ အငြိမ်းစားယူရန် ပြင်ဆင်နေသူဖြစ်စေ သင်၏ အသုံးစရိတ်များအား ပိုမိုကောင်းမွန်စွာ မှတ်သား ထားနိုင်သော အလေ့အကျင့်များ ရှိပြီဆိုပါက သင်၏ ငွေကြေးစုဆောင်းမှုပန်းတိုင်များသို့ ရောက်ရှိရန် အကူအညီပေးမည့် နောက်ထပ်ခြေလှမ်းတစ်ခုသို့ လမ်းပြလျက်ရှိသည့် Practical Money Skills ဝက်ဘ်ဆိုက်ကို ဝင်ရောက် လေ့လာသင့်သည်။

၃။ မိသားစုဝင်တိုင်းအတွက် အသုံးစရိတ်သတ်မှတ်ပါ

အိမ်တွင်း သုံးစွဲမှု စီမံခန့်ခွဲခြင်းသည် မိသားစုတစ်ခုလုံးအတွက် ပျော်ရွင်စရာ ဖြစ်နိုင်သည်။ အကယ်၍ သင်သည် တာဝန်ယူ နေရသော မိဘဖြစ်လျှင် မိသားစုဝင်တိုင်းအတွက် နေ့စဉ် သို့မဟုတ် အပတ်စဉ် အသုံးစရိတ် သတ်မှတ်ထား၍ ၎င်းတို့သည် နောက်ဆုံးတွင် သူတို့၏ သတ်မှတ်အသုံးစရိတ်များကိုသာ သုံးပြီး အနည်းငယ် စုဆောင်းထားနိုင်ခြင်း ရှိ မရှိ ကြည့်ကာ ပြိုင်ပွဲလေးတစ်ခုသဖွယ် ပြုလုပ်နိုင်သည်။ ဆုအနေဖြင့် သင်၏ အပိုစုငွေများထဲမှာ ၎င်းတို့ စုဆောင်းထားသော ပမာဏအတိုင်း ပြန်ပေးနိုင်သည်။

အကယ်၍ သင်၏ အိမ်တွင် ငယ်ရွယ်သော ကလေးငယ်များရှိလျင် ၎င်းတို့ကို ငယ်ရွယ်သော အချိန်မှ စ၍ ငွေကြေး အခြေခံများနှင့် ရင်းနှီးအောင် လုပ်ပေးထားခြင်းနှင့် ငွေကြေးပိုင်းဆိုင်ရာ နားလည်တက်မြောက်မှုကို ဖြည့်ဆည်း ပေးထားရန်မှာ အကြံကောင်းတစ်ခုဖြစ်သည်။ Visa Myanmar သည် ငယ်ရွယ်သူများနှင့် လူငယ်များအတွက် ဝင်ငွေ၊ ငွေကြေးစုဆောင်းခြင်းနှင့် အသုံးစရိတ်ပြုလုပ်ခြင်းတို့ကို နားလည်ရန် လွယ်ကူသောအကြောင်းအရာများနှင့် သင်ပြပေးသော e-book ကို ထောက်ပံ့လျက်ရှိသည်။ "သင်၏ ငွေကြေး၊ သင်၏ အနာဂတ် : ကျောင်းသား ကျောင်းသူများအတွက် လက်တွေ့ကျသော ငွေကြေးလမ်းညွှန်" e-book ကို မြန်မာဘာသာဖြင့် ရယူရန် ဤနေရာကိုနှိပ်ပါ။

၄။ Smart ကျကျ ဈေးဝယ်ပါ

သင်၏ ဝင်ငွေ တစ်ကျပ်တိုင်းအတွက် သင်၏မိသားစုသည် ကြိုးစား၍ အလုပ်လုပ်ထားကြသည်ဖြစ်သောကြောင့် သေချာ စဥ်းစား၍ သုံးစွဲကာ ဝင်ငွေကို အကျိုးရှိအောင် ပြုလုပ်သင့်သည်။ မြန်မာနိုင်ငံရှိ လက်လီ ရောင်းချသူ အများအပြားသည် ၎င်းတို့၏ ဘဏ်များ၊ credit card ကုမ္ပဏီများနှင့် လက်တွဲသည့် အစီအစဥ်များဖြင့် အထူးပရိုမိုးရှင်းများ ပေးလျက်ရှိသည်။ ဆိုင်ရှင် သို့မဟုတ် cashier အား သင်၏ credit card သို့မဟုတ် debit card အတွက် အထူးလျော့စျေးများ ရှိမရှိကို မေးမြန်းရန်သင့်သည်။ အချို့ဘဏ်များသည် သင်၏ကတ်ဖြင့် အသုံးပြုမှုတိုင်းအတွက် လက်ဆောင်အမှတ်များပေး၍ ထိုအမှတ်များကို နောက်အကြိမ်ဝယ်ယူမှုတွင် ငွေသားပြန်လည်အသုံးပြုနိုင်သည်။ ကတ်ဖြင့် ငွေပေးချေမှုသည် ငွေသား ကိုင်ဆောင်ခြင်းထက် ပိုမိုလုံခြုံစိတ်ချရပြီး ပိုမိုအဆင်ပြေချောမွေ့ကာ ဘဏ်ခွဲများ၊ ATM များမှ ငွေသားထုတ်ယူစရာ မလိုသည့်အပြင် အကြွေပြသာနာကိုလည်း ကိုင်တွယ်ရန် လိုမည်မဟုတ်တော့ပါ။

အကယ်၍ သင်သည်ငွေသားကို မကိုင်တွယ်တော့ရန် စဥ်းစားနေလျှင် သို့မဟုတ် credit card အမျိုးအစား အမျိုးအမျိုးနှင့် ဒီဂျစ်တယ်ငွေပေးချေမှုသို့ ပြောင်းလဲသုံးစွဲခြင်း၏ အဓိက အကျိုးအမြတ်များ အပါအဝင် credit card အလုပ်လုပ်ပုံကို သိလိုလျှင် "credit card အခြေခံအချက်များနှင့် အကျိုးရှိရှိ၊ တာဝန်ရှိရှိသုံးစွဲနည်း" ကို ဤ နေရာတွင် ပိုမိုလေ့လာနိုင်သည်။

Visa Myanmar အနေဖြင့် အိမ်တွင်း ငွေကြေးစီမံခန့်ခွဲမှု အချက် ၄ ချက်တွင် ဖော်ပြထားသော ငွေကြေးစီမံခန့်ခွဲမှု အသိပညာသည် မြန်မာမိသားစုများအား ၎င်းတို့၏ ငွေကြေးကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စေနိုင်ပြီး ဘဝ အရည်အသွေးကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်သည်။ ၎င်းတို့ ဘဝ၏ အဆင့်တိုင်းတွင် ပိုမိုခိုင်မာသော ငွေရေးကြေးရေး အနာဂတ်ကို တည်ဆောက်နိုင်ရန် လူတိုင်းအတွက် ဘဝ၏အဓိကအဖြစ်အပျက်တိုင်းကို ကူညီလမ်းပြပေးနိုင်ရန် ကျွန်ုပ်တို့သည် အပြန်အလှန် ထိတွေဆက်ဆံမှု ကိရိယာများနှင့် ပညာရေးဆိုင်ရာ အရင်းအမြစ်များကို ကမ်းလှမ်းရန် ရည်ရွယ်ထားသည်။ ထိုအရင်းအမြစ်များကို အွန်းလိုင်းတွင်မြန်မာဘာသာဖြင့် myanmar.practicalmoneyskills.com ၌ အခမဲ့ရယူနိုင်သည်။

Visa Myanmar ကို အောက်ပါလင့်(ခ်) တို့တွင် ဝင်ရောက်လေ့လာနိုင်သည်။ Website: https://myanmar.visa.com/ Facebook: https://www.facebook.com/VisaMM

Visa အကြောင်း

Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ရက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခု ဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်းပေးပို့နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေး လုပ်ဆောင်လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက် လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ လူတိုင်း နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန် မလိုအပ်တော့သည့် အနာဂတ်တစ်ခု ရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ Visa နှင့် စပ်လျဉ်းသည့် ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ အတွက် About Visa, visa.com/blog နှင့် @VisaNews တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly