တပ်မတော်က နှုတ်ထွက်ခိုင်းတဲ့အပေါ် ဗိုလ်မှူးကြီးစောချစ်သူ ဘာပြောလဲ

တပ်မတော်က နှုတ်ထွက်ခိုင်းတဲ့အပေါ် ဗိုလ်မှူးကြီးစောချစ်သူ ဘာပြောလဲ

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် တပ်မှူးတချို့ကို စီးပွားရေးလုပ်လိုပါက တပ်ကနေ နှုတ်ထွက်ရမည်ဟု တပ်မတော်ဘက်က ပြောသည်။

BGF တပ်ဖွဲ့သည် ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် တည်ရှိသော ရွှေကုက္ကိုမြို့သစ် စီမံကိန်းကို တရုတ် လုပ်ငန်းရှင်များဖြင့် ပူးပေါင်းကာ တည်ဆောက်လျက်ရှိနေသည်။ အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသ တွင်း ဝေဖန်မှုများရှိနေသလို အငြင်းပွားမှုများလည်း ဖြစ်နေသည်။

ထို့ကြောင့် တပ်မတော်က စီးပွားရေး လုပ်လိုပါက တပ်ကနေ နှုတ်ထွက်ရန်လိုအပ်ကြောင်း၊ နှုတ်ထွက်စာ တင်ရန် ညွန်ကြားလာခဲ့သည်။

ထိုအပေါ် ဗိုလ်မှူးကြီး စောချစ်သူကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါ သည်။

တည်းဖြတ် /တင်ဆက် - ချစ်မင်းထွန်း 

#ကရင်ပြည်နယ် #နယ်ခြားစောင့်တပ် #BGF #ဗိုလ်မှူးကြီးစောချစ်သူ #ဗိုလ်မှူးမုတ်သုန် #နှုတ်ထွက်ခိုင်း #တပ်မတော် #စီးပွားရေး #ငြိမ်းချမ်းရေး #စစ် #မြဝတီမြို့ #ကရင်ပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly