၂၀၁၆ စက်တင်ဘာလအတွင်း ဂျပန်နှင့်မြန်မာအသင်း ခြေစမ်းရန်စီစဉ်ထား

၂၀၁၆ စက်တင်ဘာလအတွင်း ဂျပန်နှင့်မြန်မာအသင်း ခြေစမ်းရန်စီစဉ်ထား
ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကိုရီးယားနှင့်မြန်မာအသင်းကစားနေစဉ်။

၂၀၁၆ဆူဇူကီးပြိုင်ပွဲနှင့် ၂၀၁၉အာရှဖလားခြေစစ်ပွဲစဉ်များအတွက် အကြိုပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့ ၂၀၁၆ စက်တင်ဘာလအတွင်းခြေစမ်း ကစားရန်နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်များညှိုနှိုင်းနေသည်။

မြန်မာအသင်းမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ဆူဇူကီးပြိုင်ပွဲတွင် အောင်မြင်မှုရရန်အတွက် ၂၀၁၆ခုနှစ်အတွင်း စင်ကာပူ၊ဟောင်ကောင်၊ မကာအို၊ ဂျပန်စသည့် အသင်းများနှင့်   ခြေစမ်းပွဲကစားရန်  စီစဉ်ထားသလို ဂျာမနီနိုင်ငံသို့သွားရောက်နေထိုင်လေ့ကျင့်ရန်လည်း စီစဉ်ထားသည်။

“ဂျာမနီမသွားခင်မှာ ဂျပန်ကိုဝင်ပြီးခြေစမ်းပွဲကစားမှာပါ။ လက်ရွေးစင်အသင်းနဲ့ကစားဖို့ဂျပန်ဘောလုံးအဖွဲ့ချုပ်နဲ့ညှိုနှိုင်းနေပါတယ်။ သူတို့ဘက်ကလည်း သဘောတူထားပါတယ်။ ဖီဖာပြက္ခဒိန်ရက်အတွင်းမှာကစားမှာပါ။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်ကပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ဆူဇူကီးဖလားအကြိုပြင်ဆင်မှုအဖြစ် ၂၀၁၆ ဇန်နဝါရီလအတွင်း စင်ကာပူနိုင်ငံတွင်ကျင်းပမည့် မာလိုင်းယင်းဖလားပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly