တရုတ် အစိမ်းရောင်စွမ်းအင်ဆိုင်ရာ BRI  ပူးပေါင်းဆောင်ရွက်မှုရဲ့ မသေချာတဲ့ အနာဂတ်

တရုတ် အစိမ်းရောင်စွမ်းအင်ဆိုင်ရာ BRI  ပူးပေါင်းဆောင်ရွက်မှုရဲ့ မသေချာတဲ့ အနာဂတ်

ဇန်နဝါရီ ၁၁ 
 
ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြီးကျနေတုံးမှာပဲ ၂၀၂၁ ခုနှစ်ထဲမှာ   ခါးပတ်တစ်ကွင်းလမ်းတစ်စင်းစီမံကိန်းအောက်ကနိုင်ငံတွေ တနည်းအားဖြင့် BRI နိုင်ငံတွေရဲ့ စွမ်းအင် ဝန်ကြီးတွေတက်ရောက်မယ့် ဖိုရမ်တစ်ခုမှာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေတဲ့ အစိမ်းရောင် စွမ်းအင် (Green energy) ဖြိုးတိုးတက်ဖို့ အစပျိုးလုပ်ဆောင်ရမှာတွေနဲ့ပတ်သက်ပြီး အဆိုပြုချက်တစ်ခုကို စဉ်းစားကြဖို့ရှိပါတယ်။ ဒါပေမယ့်လည်း BRI နိုင်ငံတွေထဲမှာ တရုတ်က အဆိုပြုထားတဲ့ အစိမ်းရောင်ဖွံ့ဖြိုးမှုပုံစံဟာ ရည်မှန်းချက်ပြည့်မီဖို့အတွက်တော့ တရုတ်အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်လာပါလိမ့်မယ်။
 
စက်တင်ဘာ ၂၀၆၀ ကြရင် Carbon neutral လို့ခေါ်တဲ့  နိုင်ငံရဲ့လုပ်ဆောင်မှုကြောင့် အသားတင်မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုမရှိတော့တဲ့အဖြစ်ကိုရောက်လာပါလိမ့်မယ်ဆိုတဲ့  တရုတ်ခေါင်းဆောင်တွေရဲ့ မကြာသေးခင်က ကြေညာချက်နဲ့ပတ်သက်ပြီး တကမ္ဘာလုံး လှုပ်လှုပ်ရွရွဖြစ်သွားပါတယ်။ ဒါဟာ တရုတ်အတွက် အကောင်အထည်ဖော်ဖို့ အင်မတန်ခက်ခဲတယ်လို့ ဆိုကြပါတယ်။
 
တရုတ်ဟာ စွမ်းအင်ကို အဓိကသုံးစွဲသူဖြစ်လာရုံသာမက ကမ္ဘာပေါ်က ဖန်လုံအိမ်ဓာတ်ငွေ့များအများဆုံးထုတ်လွှတ်မှုမှာ ပမာဏများများပါဝင်နေတာမို့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုပုံစံနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ အချိုးအစား တိုးမြှင့်ဖို့ဆိုတာ  အတော်လုပ်ရကိုင်ရခက်မယ့် အနေအထားပါ။ BRI အဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်း တရုတ်စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေဖြစ်တယ်ဆိုတဲ့အမြင်တွေရှိနေတော့ အစိမ်းရောင်စွမ်းအင်ဖွံ့ဖြိုးဖို့လုပ်ပါ့မယ်ဆိုတာဟာ ရယ်စရာဖြစ်နေပါတယ်။
 
 တရုတ်မှာ လူဦးရေအလျင်အမြန်တိုးများလာတာနဲ့ စီးပွားရေးတက်လာပြီး ကုန်ထုတ်လုပ်မှု စက်မှုလုပ်ငန်းတွေအားကောင်းလာတော့ လူတွေက အဓိကမြို့ကြီးတွေဆီကို ပြောင်းရွှေ့လာကြတာကနေ  စွမ်းအင်လိုအပ်ချက်ကြီးမားတဲ့နိုင်ငံအဖြစ်ကို တရုတ်ဟာ ကူးပြောင်းလာခဲ့ပါတယ်။ဒါ့အပြင် ၂၀၃၅ ခုနှစ်အရောက်မှာ ကမ္ဘာမှာ အကြီးဆုံးစီးပွားရေးဖြစ်ချင်နေတဲ့ရည်မှန်းချက်ကလည်းရှိနေပြန်တော့ တရုတ်ရဲ့ စက်မှုကဏ္ဍမှာ ကာဗွန်သုံးစွဲမှုကိုလျော့ချဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ တကယ်တော့ တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ ရုပ်ကြွင်းလောင်စာတွေကနေ အစပြုခဲ့တာဖြစ်တော့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုသုညရောက်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ဟာ စိတ်ကူးယဉ်ဆန်လွန်းနေပါတယ်။
 
တရုတ်စီးပွားရေးမှာ အဓိကဖြစ်တဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍဟာ ကမ္ဘာပေါ်က တစ်ခြားဖွံ့ဖြိုးတဲ့နိုင်ငံတွေနဲ့ နှိုင်းစာရင် အမြင့်ဆုံးအနေအထားမှာရှိနေပါတယ်။ အဲဒါဟာ တစ်ဦးချင်းလိုက် စွမ်းအင်အရင်းအမြစ်သုံးစွဲမှုကို မြင့်တက်သွားစေပါတယ်။ ဒီကုန်ထုတ်လုပ်မှုဆိုတာကလည်း  ရုပ်ကြွင်းလောင်စာတွေကို လောင်ကျွမ်းစေပြီးမှရလာခဲ့တာဖြစ်ပါတယ်။ ဘာအစိမ်းရောင်စွမ်းအင်မှမပါပါဘူး။ အဲသလို သူ့ပြည်တွင်းမှာတောင် မနိုင်မနင်းဖြစ်နေတဲ့အချိန်မှာ တစ်ခြား BRI နိုင်ငံတွေကို အစိမ်းရောင်စွမ်းအင်တွေလုပ်ကြမယ်ဆိုတော့ သူနဲ့လက်တွဲဖို့ကို နှစ်ခါပြန်စဉ်းစားရမယ့်အနေအထားဖြစ်ပါတယ်။
 
တရုတ်နိုင်ငံဟာ ကမ္ဘာ့မှာ လေထု၊ ရေထု ညစ်ညမ်းမှု ထိပ်တန်းကျတဲ့နိုင်ငံအဖြစ် မှတ်တမ်းတွေဝင်ပါတယ်။  ကမ္ဘာပေါ်က အညစ်ညမ်းဆုံးမြို့ကြီးခြောက်မြို့ဟာ တရုတ်နိုင်ငံကဖြစ်ပါတယ်။ တရုတ်စက်မှုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ရေးဌာနတွေဟာ ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေရဲ့ ၇၀ရာခိုင်နှုန်းကို ချိုးဖောက်ကြပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်နေဆဲမှာ အန္တရာယ်ရှိတဲ့ ဓာတုဗေဒ ထုတ်လွှတ်မှုတွေဟာ  ပတ်ဝန်းကျင်ကို အကြီးအကျယ်ထိခိုက်စေပါတယ်။ ရလဒ်ကတော့ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ရဲ့ လေးပုံတစ်ပုံထုတ်လွှတ်မှု တနည်းအားဖြင့်ပြောရရင် ကမ္ဘာ့ပေါ်က စက်မှုနိုင်ငံကြီးတွေရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုထဲမှာ အကြီးဆုံးဝေစုရှိနေတဲ့အတွက် တရုတ်မှာ တာဝန်ရှိပါတယ်။

တရုတ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားပြီးတဲ့နောက်မှာ စက်မှုလုပ်ငန်းထပ်ဖွံ့ဖြိုးအောင်လုပ်ပြီး  စီးပွားထပ်တက်ဖို့ ရည်ရွယ်ထားတာကြောင့် ကျောက်မီးသွေးသုံးစွဲမှုနှုံးက သိသိသာသာတက်လာပြီး လေထုညစ်ညမ်းမှုကို ဦးတည်နေပါတယ်။  

 ကျောက်မီးသွေးဟာ ဆယ်စုနှစ်ပေါင်းများစွာ တရုတ်စီးပွားရေးတိုးတက်မှုအတွက် လောင်စာဖြစ်ခဲ့ပါတယ်။ သူ့စွမ်းအင်စနစ်က ကျောက်မီးသွေးအပေါ် အကြီးအကျယ် မှီခိုနေတာပါ။ ကမ္ဘာ့အကြီးဆုံးကာဗွန်ထုတ်လွှတ်သူဖြစ်နေတာကနေ အသွင်ပြောင်းပြီး အစိမ်းရောင်ရည်မှန်းချက်နဲ့ Carbon neutral ဖြစ်လာဖို့ ဘယ်လိုလမ်းခင်းပေးမှာတုံး။

BRI ဟာ တရုတ်ကို အခြားနိုင်ငံတွေနဲ့ အပြန်အလှန်ဆက်သွယ်ဖို့၊ စွမ်းအင်နဲ့ တခြားအရင်းအမြစ်တွေ ပေါင်းစည်းတာကို တိုးချဲ့နိုင်ဖို့ ဖန်တီးပေးပေမယ့်လည်း ကျောက်မီးသွေးနဲ့ တခြား ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်တဲ့ စွမ်းအင်အရင်းအမြစ် ( Renewable energy resources ) တွေကို သုံးတာဟာ BRI ရဲ့ မြင့်မားတဲ့ အရည်အသွေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်ကို နှောင့်နှေးစေနိုင်တဲ့ ပြဿနာတစ်ရပ်ဖြစ်လာပါတယ်။

 အခြေခံအဆောက်အအုံ တည်ဆောက်တာတွေပါဝင်တဲ့ BRI စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ်နိုင်ငံရဲ့ ကျောက်မီးသွေးကုမ္ပဏီတွေဟာ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၅နိုင်ငံက ကျောက်မီးသွေးစီမံကိန်း ၂၀၀ ကျော်မှာ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားတာဟာ ကာဗွန် ထုတ်လွှတ်မှုဖြတ်တောက်ဖို့ အဲဒီနိုင်ငံတွေရဲ့ ပြည်တွင်းကြိုးပမ်းမှုတွေကို ကျိမ်းသေအနှုတ်လက္ခဏာပြစေမှာဖြစ်ပါတယ်။
 
တစ်ကမ္ဘာလုံးအတိုင်းအတာအရ နိုင်ငံပေါင်း ၁၂၀ ကျော်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလုံးဝမရှိတာ  (ဝါ) Carbon neutral အတွက် သူတို့ရဲ့ ရည်မှန်းချက်ကိုလျစ်ဟလိုက်တဲ့အခါမှာ   ကာဗွန်ကုန်သွယ်မှုစနစ်ကိုလုပ်မယ့် တရုတ်ရဲ့ ကြိုးပမ်းအားထုတ်မှုကို ယိမ်းခါသွားစေပါတယ်။
 
ဒါ့အပြင် တရုတ်ရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်နေတာဟာလည်း  ကျွမ်းကျင်သူတွေထောက်ပြထားသလို ‘ယုံကြည်စိတ်ချရမှု နည်းပါးလှတယ်’လို့ ဆိုပါတယ်။ လေနဲ့ နေရောင်ခြည်စွမ်းအင်သုံး တပ်ဆင်တာတွေအတွက် တရုတ်နိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုရှိနေပေမယ့် စွမ်းအင်အလွန်အမင်းမြင့်မားနေပြီး မဟာဓာတ်အားလိုင်းပေါ် ချိတ်ဆက်နိုင်စွမ်းမရှိတာကြောင့် ရှင်ကျန်းနဲ့ ဂန်ဆုမှာရှိတဲ့ လေအားလျှပ်စစ်ထုတ်လုပ်မှု စီမံကိန်းတွေကို ဖျက်သိမ်းခဲ့ရပါတယ်။ BRI ရဲ့ အစိမ်းရောင်စွမ်းအင်ဟာ  သူ့အောက်မှာပါတဲ့ နိုင်ငံအားလုံးနဲ့ ချိတ်ဆက်ဖို့ ရည်ရွယ်ထားတာကြောင့် တရုတ်ရဲ့ ရည်မှန်းချက်အောင်မြင်ဖို့ စိန်ခေါ်မှုတွေရင်ဆိုင်ရပါလိမ့်မယ်၊ အဲသလိုမဟုတ်ပြန်ရင်လည်း တိုင်းပြည်ထဲမှာနဲ့ ဒေသတွင်းက စွမ်းအင်ရင်းနှီးမြုပ်နှံမှုတွေလည်း အကြီးအကျယ်လျော့ကျသွားပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly