ဗြိတိန်၌ ကိုဗစ်-၁၉ ကြောင့် တစ်ရက်တာ စံချိန်တင်သေဆုံးမှု ၁ ၃၀၀ ကျော်ရှိကာ ဆေးရုံများအခက်ကြုံနေ 

ဗြိတိန်၌ ကိုဗစ်-၁၉ ကြောင့် တစ်ရက်တာ စံချိန်တင်သေဆုံးမှု ၁ ၃၀၀ ကျော်ရှိကာ ဆေးရုံများအခက်ကြုံနေ 

ဇန်နဝါရီ ၉  

ဗြိတိန်သည် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၈၀ ၀၀၀ နီးပါးဖြင့် ကမ္ဘာသေဆုံးမှုအများဆုံး ပဉ္စမမြောက်နေရာ၌ရပ်တည်လျက်ရှိပြီး သောကြာနေ့တစ်ရက်တည်းမှာပင် သေဆုံးသူပေါင်း ၁ ၃၂၅ ဦးရှိခဲ့ကာ ဧပြီလက သေဆုံးမှုအများဆုံးစံချိန်နေ့ရက်ကို ကျော်လွန်ခဲ့သည်။  

ကူးစက်မြန်သည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ဗြိတိန်တစ်လွှား ပျံ့နှံ့နေသည့်နေသည့်အတွက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် စီးပွားရေးလုပ်ငန်းများကို ပိတ်ရန်ညွှန်ကြားထားပြီး ကပ်ရောဂါကိုနှိမ်နင်းရန် အိမ်နီးချင်း ဥရောပနိုင်ငံများထက်လျင်မြန်စွာ ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်လျက်ရှိသည်။  

“ဆေးရုံတွေဟာ ကပ်ရောဂါစဖြစ်ပြီးနောက်ပိုင်း တခြားအချိန်တွေထက် အခုအချိန်မှာ ဖိအားတွေနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။ နိုင်ငံတစ်ဝန်းကူးစက်မှုနှုန်းဟာလည်း ကြောက်စရာကောင်းတဲ့နှုန်းနဲ့ ဆက်လက်မြင့်တက်နေပါတယ်။ အမျိုးသားကျန်းမာရေးဌာနဟာ ပြင်းထန်တဲ့ ဖိစီးမှုတွေနဲ့ကြုံတွေ့နေရပါတယ်။ ဆရာဝန်တွေနဲ့ သူနာပြုဆရာမတွေလည်း လူနာတွေကို ကယ်တင်ပြီး တတ်နိုင်သလောက် မြန်မြန် လူတွေကို ကာကွယ်ဆေးထိုးရပါမယ် ” ဟု ဘောရစ်ဂျွန်ဆင်က ထုတ်ပြန်ချက်၌ ရေးသားထားသည်။ 

ဗြိတိန်မှာ လူ သုံးသန်းနီးပါးကို ရောဂါစမ်းသပ်မှုများပြုလုပ်ထားပြီး သောကြာနေ့က စံချိန်တင်ကူးစက်မှုတစ်နေ့တာအဖြစ် နောက်ထပ် ၆၈ ၀၅၃ ဦး ရောဂါကူးစက်ခံခဲ့ရသည်။  

အတိုက်အခိုက်လေဘာပါတီမှ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်က ဗိုင်းရပ်စ်ပျံ့နှံ့မှုကို မထိန်းနိုင်တော့သည့်အတွက် လာမယ့်သီတင်းပတ်များအတွင်း ဆေးရုံကုတင်များ ပြည့်သွားနိုင်သည်ဟု ဆိုသည်။ 

ဆာဒစ်ခန်၏အဆိုအရ လန်ဒန်၌ လူ ၂၀ ဦးလျှင် တစ်ဦးနှုန်းဖြင့် ရောဂါကူးစက်ခံနေရသည်။ 

လူနာတင်ယာဉ်ကားများသည်လည်း တစ်နေ့လျှင် အရေးပေါ်ဖုန်းခေါ်ဆိုမှုပေါင်း ၉ ၀၀၀ အထိ လက်ခံရရှိနေပြီး မီးသတ်သမားများနှင့် ရဲအရာရှိများကပါ ကူညီ၍ ကားမောင်းပေးနေရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly