ကျောက်ဖြူတွင် ဆယ်တန်း ကျောင်းသားတစ်ဦး ဓါးထိုးအသတ်ခံရ

ကျောက်ဖြူတွင် ဆယ်တန်း ကျောင်းသားတစ်ဦး ဓါးထိုးအသတ်ခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် နိုဝင်ဘာလ ၂၁ ရက် ညနေ ၁၀ နာရီကျော်ခန့်က ဓါးထိုးမှုတစ်ခုဖြစ်ပေါ်ခဲ့ကာ အထက်တန်းကျောင်းသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ကျောက်ဖြူမြို့ အဝေးပြေးကားဂိတ်မှ ပြုလုပ်ကျင်းပသည့် စုပေါင်းဘုံကထိန်၏ ညနေဘက်ရှိုးပွဲတွင် အချင်းချင်းစကားများကြရာမှ အရာရှိရပ်ကွက်မှ မောင်မောင်ချေ(ခ)ကျော်လင်းထွန်းက အသင့်ပါလာသည့် ဓားဖြင့်ထိုးသတ်ခဲ့ရာ မလကျွန်းအုပ်စု လိပ်ခမော်ကျေးရွာမှ မောင်မင်းသန်းစိုး ၁၆ နှစ်သည် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“အခုသေသွားတဲ့ကောင်လေးက သူတို့နဲ့ပြဿနာဖြစ်တာမဟုတ်ဘူး သူငယ်ချင်းတွေ ပြဿနာဖြစ်တဲ့ခါ သူကဝင်ဆွဲတယ်။ ပြီးတော့ပြန်ထွက်လာတော့ နောက်ကလိုက်ပြီး ဓားနဲ့ထိုးလိုက်တာလေ သေသွားတယ်။ သေသွားတဲ့ကောင်လေးနှင့်တော့ ပြဿနာမရှိဘူးလို့ သိရပါတယ်” ဟု ကျောက်ဖြူလူမှုကွန်ယက်မှ ကိုထွန်ကြည်က ပြောသည်။

မောင်မင်းသန်းစိုးမှာ အသက် ၁၅ နှစ်ရှိပြီး အထက ၁ ကျောင်းမှ ဆယ်တန်းကျောင်းဖြစ်ကြောင်း၊  ဓါးဖြင်းထိုးသတ်သော  မောင်မောင်ချေ(ခ) ကျော်လင်းထွန်းမှာ ၈ တန်းကျောင်းသားဖြစ်ကြောင်း တရားခံ မောင်မောင်ချေအား နိုဝင်ဘာ ၂၂ ရက်မနက်၂ နာရီတွင် ဖမ်းဆီးရရှိကာ ယခုလက်ရှိတွင် တရားခံ မောင်မောင်ချေ(ခ)ကျော်လင်းထွန်းအား ပုဒ်မ ၃၀၂ ဖြင့် ကျောက်ဖြူမြို့မရဲစခန်းတွင် အရေးယူထားကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါ သေးဆုံးမှုသည် နိုဝင်ဘာ ၂၁ ရက် ညနေဆယ်နာရီကျော်နီးခန့်တွင် ကားကြီးဝင်း ကထိမ်ပွဲအဖွဲ့မှ ပြုလုပ်သည့် ပျော်ပွဲရွင်ပွဲ ညရှိုးပွဲသို့လာကြည့်သည့် ဆယ်တန်းကျောင်းသားအဖွဲ့နှင့် ၈ တန်းကျောင်းသားအဖွဲ့တို့ အချင်းချင်းစကားများရာမှ ၈ တန်းကျောင်းသားမှ ၁၀ တန်းကျောင်းသားအား သံဆူးဖြင့် ဘယ်ဘက်ရင်ကို ထိုးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags