မြိတ်တွင် သမီးရည်စား ရန်ဖြစ်ပြီး နှစ်ဦးစလုံး ဓားဒဏ်ရာဖြင့် သေဆုံး

မြိတ်တွင် သမီးရည်စား ရန်ဖြစ်ပြီး နှစ်ဦးစလုံး ဓားဒဏ်ရာဖြင့် သေဆုံး
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ဇန်နဝါရီ ၈၊ ၂၀၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သမီးရည်းစား နှစ်ဦး စကားများရန်ဖြစ်ကာ နှစ်ဦးစလုံး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ အေးရိပ်ငြိမ်းလမ်းတွင် ဇန်နဝါရီလ ၇ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့်က သုံးခန်းတွဲ တန်းလျားတွင် အိမ်ငှားနေထိုင်သူ အမျိုးသမီးသည် ၎င်း၏ ရည်းစားဖြစ်သူနှင့် စကားများ ရန်ဖြစ်ရာက နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဒေါ်မိုးသီတာ ပိုင်ဆိုင်သော သုံးခန်းတွဲ တန်းလျားတွင် သမီးရည်းစား နှစ်ဦး အိမ်ခန်းအတွင်း အခန်းပိတ်ကာ ရန်ဖြစ်နေကြောင်း နံဘေးခန်းတွင် နေထိုင်သူများက သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားခြင်းကြောင့် ဝင်ရောက်ကြည့်ရှုရာ ဓားဒဏ်ရာများနှင့် နှစ်ဦးစလုံး သေဆုံးလျက် တွေ့ရှိခဲ့ရသည်။

ဓားဒဏ်ရာဖြင့် သေဆုံးနေကြသူများမှာ မစန္ဒာဖြူဝင်း (၂၈ နှစ်) နှင့် ရည်းစားဖြစ်သူ ကိုသူရကိုကို (၂၈ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ကို မြိတ်မြို့မ ရဲစခန်းက (ပ) ၁၀/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required