အမေရိကန်လွှတ်တော် ဝင်ရောက်စီးနင်းခံရမှုကို တုံ့ပြန်ရင်း Twitter နှင့် Facebook က ထရမ့်အကောင့်ကို ယာယီပိတ်သိမ်း 

အမေရိကန်လွှတ်တော် ဝင်ရောက်စီးနင်းခံရမှုကို တုံ့ပြန်ရင်း Twitter နှင့် Facebook က ထရမ့်အကောင့်ကို ယာယီပိတ်သိမ်း 

ဇန်နဝါရီ ၇ 

ဝါရှင်တန်၌ သမ္မတရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆူပူအုံကြွမှုများဖြစ်နေစဉ် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ချေမှုန်းရန်အတွက် နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Twitter နှင့် Facebook တို့သည် သမ္မတဒေါ်နယ်ထရမ့်၏ လူမှုကွန်ရက်အကောင့်များကို ဗုဒ္ဓဟူးနေ့က ယာယီပိတ်ထားခဲ့သည်။ 

ထရမ့်ကိုလိုလားသော ဆန္ဒပြလူအုပ်ကြီးက  ဂျိုးဘိုင်ဒင်အား သမ္မတအဖြစ်အတည်ပြုမည့်အစည်းအဝေးကို တားဆီးရန် ကွန်ဂရက်လွှတ်တော်အဆောက်အအုံထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် ထရမ့်၏ “ဝါရှင်တန်ဒီစီမှာ မကြုံစဖူး လက်ရှိဖြစ်ပျက်နေတဲ့ ဆူပူသောင်းကြမ်းမှုအခြေအနေရဲ့ ရလဒ်” ဆိုသော ပို့စ်စာသားကို တွစ်တာက ဖယ်ရှားခဲ့သည်။ 

အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရမှုအပါအဝင် လွှတ်တော်အတွင်းသို့ ဝင်စီးသည့် ပဋိပက္ခအတွင်း လူလေးဦး သေဆုံးခဲ့သည်။ 

ထရမ့်နှင့်မဟာမိတ်များသည် ရွေးကောက်ပွဲ မဲမသမာမှုရှိကြောင်း အထောက်အထားမခိုင်လုံသော စွပ်စွဲချက်များဖြင့် လပေါင်းများစွာ ပုံကြီးချဲ့ပြောဆိုခဲ့ပြီး စုရုံးဆန္ဒပြပွဲဆင်နွှဲရန် ဆော်ဩခဲ့ကြသည်။ 

တွစ်တာက ဖြုတ်ချခဲ့သည့် ပို့စ်တစ်ခု၌ ထရမ့်က “လွှတ်တော်အတွင်း မုန်တိုင်းထန်တာဟာ သဘာဝတုံ့ပြန်မှုတစ်ခုဖြစ်တယ်” ဟု ဗုဒ္ဓဟူးနေ့က ရေးသားခဲ့သည်။ ဒု-သမ္မတမိုက်ပင့်စ်အနေဖြင့် ရွေးကောက်ပွဲလိမ်လည်မှုဆိုင်ရာ စွပ်စွဲပြောဆိုချက်များကို သံယောင်မလိုက်သည့်အတွက် သတ္တိမဲ့ကြောင်း ထရမ့်က ပြစ်တင်ဝေဖန်ခဲ့သည်။ 

သမ္မတရွေးကောက်ပွဲသည့် အတုအယောင်ဖြစ်ကြောင်းနှင့် ဆန္ဒပြသူများကို အိမ်ပြန်ရန်ပြောဆိုထားသည် ပို့စ်စာသားနှင့်ဗီဒီယိုသတင်းစကားများကို ထရမ့်က ပြန်ဖျက်လိုက်ပြီးနောက်ပိုင်း တွစ်တာက ထရမ့်အကောင့်ကို ၁၂ နာရီကြာ ပိတ်ထားခဲ့သည်။ ထိုပို့စ်များမဖျက်ပါက ထရမ့်အကောင့်ကို ဆက်လက်ပိတ်ထားမည်ဖြစ်သည်။ 

Facebook နှင့် You Tube တို့ကလည်း ထရမ့်၏ အဆိုပါဗီဒီယိုသတင်းစကားများကို ဖယ်ရှားခဲ့ကြသည်။ 

Facebook ဒု-ဥက္ကဋ္ဌ ဂိုင်ရိုဆန်က ဗီဒီယိုသတင်းစကားသည် လက်ရှိဆူပူအုံကြွမှုကို လျော့ပါးစေခြင်းထက် ထောက်ခံရာရောက်နေကြောင်း ပြောဆိုလျက် ထရမ့်အကောင့်အား ပို့စ်တင်ခွင့် ၂၄ နာရီ ပိတ်ထားခဲ့သည်။ 

လက်နက်များယူဆောင်လာကြရန် ဆော်ဩထားသည့် တောင်းဆိုချက်များနှင့် လွှတ်တော်ကို စီးနင်းသည့် ဆူပူအုံကြွမှုဖြစ်ရပ်အတွက် မည်သည့်ထောက်ခံမှုမျိုးကိုမဆို တားမြစ်သွားမည်ဟု Facebook  ကပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly