“ ရဲအုပ် ဇနီးမောင်နှံရဲ့ သဲထိတ်ရင်ဖို၊ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲဖို့ လိုနေပြီ”

“ ရဲအုပ် ဇနီးမောင်နှံရဲ့ သဲထိတ်ရင်ဖို၊ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲဖို့ လိုနေပြီ”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က သာစည် မိတ္တီလာကားလမ်းမှာ မူးယစ်တရားခံ နှစ်ယောက်က သူတို့ ကို တရားရုံးမှာ ရမန်ယူပြီး ထောင်ပြန်ပို့တဲ့ ရဲအုပ်ဇနီးမောင်နှံကို ရုပ်ရှင်ဆန်ဆန် ဖမ်းဆီး၊ ဓားစာခံလုပ်ပြီး ထွက်ပြေးသွားတဲ့ သတင်း ထွက်ပေါ်လာပါတယ်။ နိုဝင်ဘာ ၂၀ သတင်းအရ တရားခံတစ်ယောက်ကို ဟဲဟိုး မြို့မှာ ဖမ်းမိပြီး ကျန်တရားခံနှစ်ယောက်နဲ့ ရဲအုပ်ကိုတော့ အပြင်းအထန် လိုက်လံ ရှာဖွေနေဆဲလို့ သိရပါ တယ်။ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းက ဘာကို ပြနေသလဲ၊ ရဲတပ်ဖွဲ့ရဲ့ ပြုပြင်စရာ မြောက်များစွာထဲမှာ ပါသင့်တဲ့ အချက်တစ်ချို့ကို ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဖြစ်ရပ်အကျဉ်းက ခုလိုပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေဟာ သာစည်-တောင်ကြီး ကားလမ်းပေါ်က ကားတစ်စီးကို မသင်ကာလို့ စစ်ဆေးရာမှာ ကာလတန်ဘိုး ကျပ်သန်းနဲ့ချီ တန်မယ့် မူးယစ်ဆေးပြား အပြားခုနှစ်ထောင် ဖမ်းဆီးရမိပါတယ်။ တရားခံတွေနဲ့အတူ သူတို့စီးလာတဲ့ တိုယို တာ ကိုရိုလာကား ခဲရောင်ကိုပါ သိမ်းဆည်းလိုက်ပါတယ်။ နောက်တော့ ရဲ လုပ်ထုံးလုပ်နည်းအတိုင်း တရားခံ တွေကို အချုပ်သားအဖြစ် မိတ္တီလာထောင်ကိုပို့ပြီး တရားရုံးတင်ဖို့ လုပ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ မှာတော့ သာစည်ရဲစခန်းက ရဲအုပ် အောင်ဇော်ဦးဟာ ဖမ်းဆီးသိမ်းဆည်းထားတဲ့ တိုယိုတာကားကို သုံးပြီး တရားခံတွေကို သာစည်မြို့နယ် တရားရုံးမှာ ရမန်ယူ (ဆက်လက် ချုပ်နှောင်ထားခွင့်)ဖို့ မိတ္တီလာ အကျဉ်း ထောင်ကနေ သွားထုတ်ပါတယ်။ 

နောက်တော့ တရားရုံးကိစ္စပြီးလို့ တရားခံနှစ်ယောက်ကို မိတ္တီလာထောင် ပြန်ပို့ဖို့ လုပ်ပါတယ်။ အကျဉ်းထောင်ကိုအသွား ကားပေါ်မှာ ရဲအုပ်၊ သူ့ရဲ့ဇနီး၊ ဇနီးရဲ့သူငယ်ချင်း၊ ဒရိုင်ဘာနဲ့ တရားခံနှစ်ယောက် စုစုပေါင်း ၆ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ လမ်းမှာ တရားခံတစ်ယောက်က လက်ထိပ်ပြုတ်နေပြီး ရဲအုပ် ဇနီးရဲ့ သူငယ်ချင်းကို ကားပေါ်ကနေ တွန်းချပါတယ်။ ရဲအုပ်ကိုလည် ပင်းညှစ်ပါတယ်။ တစ်ချိန်တည်း တရား ခံတစ်ယောက်ရဲ့ အစ်ကိုလို့ ယူဆရသူက အဲဒီကားနောက်ကို ဆိုင်ကယ်နဲ့ လိုက်လာတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေအောက်မှာ ဒရိုင်ဘာက ကားကိုရပ်ပြီး ထွက်ပြေးသွားပါတယ်။ အဲဒီနောက် ဆိုင်ကယ်နဲ့ လိုက်လာတဲ့သူက ကားအတွင်းဝင်ပြီး မောင်းပြေးတယ်လို့ ဆဲဗင်းဒေးသတင်းစာက စုံစမ်း ရေးသားပါတယ်။ ကားပေါ်မှာ တရားခံနှစ်ယောက်၊ နောက်ထပ် ပူးပေါင်းသူတစ်ယောက်နဲ့ ရဲအုပ် ဇနီးမောင်နှံတို့ ပါသွားတာပါ။
သတင်းဖြစ်ပြီးတာနဲ့ ရဲတပ်ဖွဲ့နဲ့ အခြားအာဏာပိုင် အဖွဲ့အစည်းတွေဟာ တရားခံတွေကို ဖမ်းဆီးရမိဖို့ အပြင်းအထန် ကြိုးစားကြပါတယ်။ နောက်ပိုင်း ရဲအုပ်ရဲ့ဇနီးနဲ့ စွန့်ပစ်ထားတဲ့ ကားကို ပြန်တွေ့ပါတယ်။ ၂၀ ရက်နေ့အထိတော့ တရားခံတစ်ယောက်ကို ဖမ်းမိပြီး ရဲအုပ်နဲ့ သူ့ကို ပြန်ပေးဆွဲထားသူ နှစ်ယောက်ကိုတော့ ဖမ်းမမိသေးပါဘူး။ ဒီလို ပြဿနာ ဘာကြောင့် ဖြစ်ရတာပါလဲ။

ပထမပြဿနာက ရဲအုပ်ကနေ တရားခံတွေကို တရားရုံးထုတ်တဲ့ ပုံစံပါ။ အသုံးပြုတဲ့ကားဟာ ရဲစခန်း မှာ ထိမ်းသိမ်းထားရမယ့် တရားခံတွေရဲ့ ကားပါ။ တရားခံတွေကို အဲဒီကား အသုံးပြုပြီး တင်ဆောင်ခွင့် မရှိပါ ဘူး။ တိုယိုတာ ကိုရိုလာကားဟာ အိမ်စီးကား အမျိုးအစားဖြစ်ပြီး တရားခံတင်ဆောင်ရာမှာ အသုံးပြုဖို့လည်း မသင့်တော်ပါဘူး။ နောက်ပြဿနာတစ်ခုက ရဲအုပ်က ဒီတရားခံတွေကို ထောင်ကနေ တရားရုံး၊ တရားရုံးက နေ ထောင်ပြန်ပို့ လုပ်တဲ့အချိန် သူနဲ့အတူ တရားခံကို စောင့်ကြပ်မယ့် အခြား ရဲတပ်ဖွဲ့ဝင်တွေ ပါမလာတာပါ။ အချုပ်သား တစ်ယောက်ကို ရုံးထုတ်ရင် ရဲတပ်ဖွဲ့ဝင် ၃ ယောက် လိုက်ပါရမယ်လို့ သိရပြီး ဒီ လုပ်ရပ်ကတော့ ရဲလုပ်ထုံးလုပ်နည်းနဲ့ ညီပုံ မရပါဘူး။

နောက်ပြဿနာက ပါသင့်တဲ့သူတွေ မပါရုံတင်မက မပါသင့်တဲ့ ရဲအုပ်ရဲ့ ဇနီး၊ သူ့သူငယ်ချင်းနဲ့ ဒရိုင် ဘာတွေ ကားပေါ် ပါလာခြင်းပါ။ တရားခံ ရုံးထုတ်တာ ပျော်ပွဲစားထွက်တာ မဟုတ်ပါဘူး။ နောက်ထပ် ပြဿ နာတစ်ခုက အချုပ်သား လက်ထိပ် ပြုတ်နေတာပါ။ ဒါဟာ နားလည်မှုနဲ့ ဖြုတ်ပေးထားလု့ိလား၊ ဒါမှမဟုတ် အချုပ်သားက သူ့ဖာသာသူ ကြံဖန်ဖြုတ်လို့ ပြုတ်သလား သေသေခြာခြာ မသိရပါဘူး။ ဖြစ်စဉ်ကို လေ့လာြ ကည့်ရင် ရဲအုပ်ဟာ တရားခံတွေကို မျက်နှာသာပေးထားတာ တွေ့ရတဲ့အတွက် လက်ထိပ်မခတ်ပဲ ခေါ်သွား တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

အခုဖြစ်စဉ်ဟာ ဖြစ်ပွားဆဲမို့ အသေးစိတ် ပြောလို့၊ သုံးသပ်လို့တော့ မရနိုင်ပါဘူး။ အကြမ်းဖျဉ်း သုံးသပ်ရရင်တော့ တရားခံတစ်ချို့ အထူးသဖြင့် မူးယစ် တရားခံတွေဟာ ရဲတပ်ဖွဲ့ဝင်တွေ၊ အကျဉ်းထောင် တာဝန်ရှိသူတွေကို လာဘ်ထိုးပြီး အခွင့်အရေး အမျိုးမျိုးယူလေ့ ရှိပါတယ်။ တစ်ချို့ ထွက်ပြေးလွတ်မြောက် အောင် ကြိုးစားပြီး လွတ်မြောက်သွားတာမျိုးလည်း ရှိပါတယ်။ အဲဒီလို ဖြစ်ရတာဟာ လာဘ်ပေးလာဘ်ယူ၊ တစ်ဆက်တည်း လာဘ်ပေးမှုကြောင့် ရဲတွေ အကျဉ်းထောင် တာဝန်ရှိသူတွေက လုပ်ထုံးလုပ်နည်း အတိုင်း မဟုတ်ပဲ တရားခံကို အထူးအခွင့်အရေးပေးတာ စတာတွေ ဖြစ်ပေါ်လာပြီး နောက်ဆုံးခုလို ပြဿနာပေါ်ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တစ်ချို့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဖြစ်ခဲ့တဲ့ မှုခင်းတစ်ခုဆိုလည်း အလားတူပါပဲ။ မော်လမြိုင်ထောင်ကို ရွှေ့ပေးလိုက်တဲ့ နှစ်ရှည် မူးယစ်တရားခံ ထောင်ကျတစ်ယောက်ဟာ ငွေကို ဖေါဖေါ သီသီသုံးပြီး အကျဉ်းထောင် အရာရှိတွေကို လာဘ်ထိုးပါတယ်။ ပထမတဆင့် လာဘ်ထိုးပြီး ဆေးရုံဆောင်မှာ နေလို့ရအောင် လုပ်ပါတယ်။ နောက်ပိုင်းအပြင် ပြည်သူ့ဆေးရုံကြီးမှာ တက်ခွင့်ရအောင် လုပ်ပါတယ်။ ဆေးရုံတက်နေစဉ်မှာ ပြင်ပနဲ့ ဆက်သွယ်လို့ရအောင် လုပ်ပါတယ်။ နောက်တော့ ဟော်တယ်မှာ နေလို့ရ အောင် ထောင်အရာရှိကို စည်းရုံးပါတယ်။ သူနဲ့အတူ အကျဉ်းဦးစီး အရာရှိတစ်ယောက်ယောက်တော့ အစောင့်အဖြစ် အမြဲရှိပါတယ်။ အဲဒီလူကိုလည်း သူက စည်းရုံးပါတယ်။ ကျွေးမွေး အရက်တိုက်တာတွေ လုပ်ပါတယ်။ နောက်ဆုံး တစ်ရက်မှာတော့ သူ့ကိုစောင့်တဲ့ အကျဉ်းဦးစီးကို သတ်ပြီး လာကယ်တဲ့ ကားနဲ့ ထွက်ပြေးပါတယ်။ အာဏာပိုင်တွေ ဖမ်းဖို့ ကြိုးစားပေမယ့် ပြန်မိတဲ့သတင်းတော့ မသိရပါဘူး။

ဒီဖြစ်စဉ်တွေကို ကြည့်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ဘယ်နေရာတွေမှာ အားနည်းချက် ဖြစ်ပေါ်နေတယ်၊ ဘယ်အချက်တွေကိုတော့ ပြုပြင်ရမှာဖြစ်တယ်ဆိုတာ မြင်တွေ့နိုင်မှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ငွေကို ရေလို သုံးနိုင်တဲ့ မူးယစ်ရာဇာ တရားခံတွေနဲ့ တွေ့ရင် ရဲအရာရှိတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေ ကိုယ်တိုင် သားကောင်ဘဝ ပြန်ပြီး ကျရောက်သွားနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly