မြိတ်မှာ ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမယ့် ငါးလေလံဈေးကြီးဖော်ဆောင်ဖို့ ဆောင်ရွက်နေ

မြိတ်မှာ ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမယ့် ငါးလေလံဈေးကြီးဖော်ဆောင်ဖို့ ဆောင်ရွက်နေ

မြိတ်မြို့မှာ အမေရိကန် ဒေါ်လာ သန်း ၃၀၀ နဲ့ ရင်းနှီး မြုပ်နှံမယ် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးနဲ့ စက်မှုဇုန် စီမံကိန်း အကောင်ထည်ဖော် တည်ဆောက်ဖို့ အတွက် မြိတ်ကော်ပရေးရှင်း အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီက ကြိုးစားနေပြီး ပြည်ထောင်စု အဆင့်ကို တင်ပြထားသလို စီမံကိန်း ခွင့်ပြုချက် မကျခင် ကာလ အတွင်း မြေပြင်မှာလည်း စီမံကိန်း အကောင်ထည်ဖော် တည်ဆောက်မယ့် နေရာက ဒေသခံ တောင်သူတွေရဲ့ မြေယာတွေကို ဝယ်ယူဖို့ ကြိုးစားနေပါတယ်။ အဲဒီလို မြေယာတွေဝယ်ယူဖို့ ကြိုးစားတဲ့ နေရာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ် ကိုယ်တိုင်က အဆိုပါ စီမံကိန်းကို တွန်းအားပေးနေတာ ဖြစ်လို့ မြေယာတွေကို ရောင်းချဖို့ ကုမ္ပဏီဘက်က တိုက်တွန်း ပြောဆိုခဲ့တယ်လို့လည်း တောင်သူတွေက ပြောပါတယ်။'

သတင်း /ရိုက်ကူး /တင်ဆက် - ဒီမိုးသွေး (မြိတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly