မြစ်ကြီးနားတွေ့ဆုံမှု NLD ရဲ့ကမ်းလှမ်းချက် SNLD အမတ်ငြင်းဆန်ခဲ့

05 January 2021
မြစ်ကြီးနားတွေ့ဆုံမှု NLD ရဲ့ကမ်းလှမ်းချက် SNLD အမတ်ငြင်းဆန်ခဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဇန်နဝါရီလ ၁ ရက်နေ့က မြစ်ကြီးနားမှာကျင်းပဲတဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံရေးဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့အနိုင်ရလွတ်တော်ကိုယ်စားလှယ်လောင်း စိုင်းအေးမင်းက တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

 ပါတီအနေနဲ့ တွေ့ဆုံဆွေးနွေးဘို့မဟုတ်ဘဲ အနိုင်ရလွတ်တော်ကိုယ်စားလှယ် လောင်းအနေနဲ့ပဲ သီးခြားတွေ့ဆုံဖို့ဖိတ်ခဲ့တာဖြစ်လို့  တွေ့ဆုံပွဲကိုမတက်ရောက်ခဲ့တာလို့ ကချင်ပြည်နယ် မံစီမြို့နယ်ပြည်နယ်လွတ်တော် မဲဆန္ဒနယ်အမှတ် ၂က ရွေးကောက်ခံ SNLD လွတ်တော်ကိုယ်စားလှယ် စိုင်းအေးမင်းကပြောပါတယ်။

တည်းဖြတ် / တင်ဆက် - မွေလျန်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly