အင်ဒိုနီးရှားတွင် အားပြင်း ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်

အင်ဒိုနီးရှားတွင် အားပြင်း ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းတွင် အင်အားရစ်ချ်တာစကေး ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ပြောပြီး ဆူနာမီဖြစ်နိုင်ခြင်းမရှိကြောင်းနှင့် သေကျေပျက်စီးမှု သတင်း လတ်တလောမသိရသေးပေ။

အင်ဒိုနီးရှားဘာဘားကျွန်းအနီး ရေမိုင် ၄၂ မိုင် ပင်လယ်ရေအောက်တွင် ဗဟိုပြုလှုပ်ခြင်းဖြစ်သည်။

ငလျင်ဗဟိုချက်နှင့် နီးသည့် ဆာအမ်လာကီမြို့တွင် ငလျင်ဒဏ်ကို ခံစားလိုက်ရကြောင်း ဒေသတွင်း ဘူမိတိုင်းတာရေးအရာရှိများက ပြောသည်။

"၂၅ စက္ကန့်လောက် ငလျင်လှုပ်တာပါ။ အိမ်ရှေ့က ထရပ်ကားကြီး ဖြတ်မောင်းသွားသလို တုန်ခါသွားတာပါ။"ဟု ဘူမိတိုင်းတာရေးအရာရှိ အယ်ဗာက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

ငလျင်ကြောင့် မြို့နေများ ကြောက်လန့်တကြားထွက်ပြေးကြသော်လည်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက ဆူနာမီဖြစ်ပေါ်နိုင်ခြင်း မရှိကြောင်း ပြောထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်ဒေသတွင် ပြတ်ရွှေ့ကြောများ ပွတ်တိုက်ရာ မီးစက်ကွင်း Ring of Fire ဆိုသည့် ငလျင်များ မကြာခဏလှုပ်ရာနှင့် မီးတောင်များလှုပ်ရှားတတ်ရာ ရပ်ဝန်းဒေသပေါ်တွင် တည်ရှိသည်။

Ref: The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly