ထိုင်းအကြီးစားလုပ်ငန်းများတွင် ဘတ်ဂျတ်လိုငွေ အမြောက်အမြားလိုအပ်နေ

ထိုင်းအကြီးစားလုပ်ငန်းများတွင် ဘတ်ဂျတ်လိုငွေ အမြောက်အမြားလိုအပ်နေ

ယခုနှစ်ကုန်တွင် ရှိဆဲ ထိုင်းဘတ်ငွေ ၅ ဘီလီယံ ဘတ်ဂျတ်အစီအစဉ်က ပြီးမည်ဖြစ်၍ လိုအပ်ချက်မြင့်မားနေသည်ကို ဖြည့်ဆည်းနိုင်ရေး အကြီးစားလုပ်ငန်းများသို့ အကြွေးအာမခံအစီအစဉ်ကို တိုးချဲ့နိုင်ရန်အတွက် ထိုင်း အကြွေးအာမခံကော်ပိုရေးရှင်း TGC က ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဘတ်ငွေ ၁၃ ဘီလီယံ တောင်းခံထားသည်။

အဆိုပါကြွေးမြီအစီအစဉ်အရ အကြီးစားစီမံကိန်းလုပ်ငန်းများအနေဖြင့် ဆယ်နှစ်အာမခံဖြင့် ဘတ်ငွေ ၁၀၀၀၀ နှင့် ၂၀၀၀၀၀ ကြားတောင်ခံနိုင်မည်ဖြစ်သည်။ အာမခံကြွေးမြီအစီအစဉ်ကို ၂၀၁၄ ခုနှစ်က စတင်အတည်ပြုခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်လယ်တွင်မှ လုပ်ငန်းများ သက်ဝင် အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

ချေးငွေအာမခံကို အကြီးစားလုပ်ငန်းရှင်များက ချေးယူကြပြီး အများစုမှာ နိုင်ငံပိုင် အစိုးရငွေစုဘဏ် GSB မှဖြစ်ကြောင်း TCG ဥက္ကဌဖြစ်သူ ယမ်ဆက်မန်နိုမီဖီဘွန်းက နိုဝင်ဘာ ၂၀ ရက်က ပြောကြားခဲ့သည်။

ချေးငှားမှု များပြား၍ ဘတ်ငွေ ၅ ဘီလီယံဖြင့် မလုံလောက်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ချေးငွေ တိုးချပေးရန် စဉ်းစားသုံးသပ်သင့်ကြောင်း TCG ကပြောသည်။

ဘတ်ဂျတ်ငွေ ဘတ် ၁၃ ဘီလီယံ ချထားပေးရန် ဝန်ကြီးဌာနသို့ တောင်းဆိုပြီး ချေးငွေအစီအစဉ်ကို ၂၀၁၇ ခုနှစ်တိုင်အောင် ဆောင်ရွက်လိုကြောင်း TCG က ပြောထားသည်။

လက်ရှိအချိန်တွင် အကြီးစားလုပ်ငန်းပေါင်း ၃၀၀၀၀ က TCG ချေးငွေအစီအစဉ်မှ ငွေချေးယူကြပြီး ဘတ်ငွေ ၃ ဒသမ ၆ ဘီလီယံ ချေးထားချထားပြီးဖြစ်သည်။

Ref: The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly