တရုတ်နှင့် အီရန်ကို ဆက်သွယ်သည့် မြန်နှုန်းမြင့်ရထားလမ်းဖောက်ရန် တရုတ်အဆိုပြု

တရုတ်နှင့် အီရန်ကို ဆက်သွယ်သည့် မြန်နှုန်းမြင့်ရထားလမ်းဖောက်ရန် တရုတ်အဆိုပြု

တီဟီရန်၊ နိုဝင်ဘာ -၂၁ ။           ။ နိုင်ငံ၏ အကြီးဆုံး အင်္ဂလိပ်ဘာသာသတင်းစာ China Daily ၏ ပြောကြားချက်အရ တရုတ်နိုင်ငံ၏ အနောက်ပိုင်း အူရမ်ကီမြို့နှင့် တီဟီရန်ကို ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့်ရထားလမ်းကို တရုတ်အာဏာပိုင်များက အဆိုပြုခဲ့သည်ဟု ဆိုသည်။

အဆိုပြုထားသည့် ပိုးလမ်းမ လမ်းကြောင်းမှာ တရုတ်နိုင်ငံကို အနောက်အာရှနှင့် ဆက်သွယ်ပေးမည်ဖြစ်ပြီး အူရမ်ကီနှင့် ယင်နင်းမှသည် ကာဇက်စတန်မှ အယ်မာတီ၊ ကာဂျစ်စတန်မှ ဘစ်ရှ်ခက်၊ အုဇဘက်ကစ္စတန်မှ တက်ရှ်ကင့်နှင့် ဆာမာကန်၊ တာမင်နစ္စတန်ရှိ အက်ရှ်ဂါဘတ်မှသည် အီရန်မြို့တော်အထိ ဖြန့်ကျက်မည်ဖြစ်သည်။

အဆိုပါရထားလမ်းစီမံကိန်းကို အာရှဘီလူးကြီးတရုတ်၏ ဥရောပနှင့် အာရှကို ပိုးလမ်းမ ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်တည်ဆောက်မည့် ရဲရင့်သော အစီအစဉ်တစ်ခုဖြစ်သည့် One Belt, One Road နှင့်ပတ်သက်သည့် ဖိုရမ်တွင် တရုတ် မီးရထားကော်ပိုရေးရှင်းအာဏာပိုင်များကို အဆိုပြုတင်သွင်းခဲ့ခြင်းပင် ဖြစ်သည်။

လမ်း၊ မီးရထား၊ ဆိပ်ကမ်း၊ လေဆိပ်ကွန်ရက်များဖြင့် အာရှကို ဥရောပ၊ အာဖရိကတို့နှင့် ဆက်သွယ်ပေးသည့် ပိုးလမ်းမကို ပြန်လည်အသက်သွင်းမည့် ရည်မှန်းချက်ကြီးလှသော စီမံကိန်းတွင် အီရန်နိုင်ငံလည်း ပါဝင်နေသည်။

ဟန်ဂေရီမှသည် အင်ဒိုနီးရှားအထိ ဖြန့်ကျက်ထားသော ဤအစီအစဉ်က ဆယ်စုနှစ်တစ်ခုမျှအတွင်း နိုင်ငံများအကြား နှစ်စဉ်ကုန်စည်စီးဆင်းမှု ကန်ဒေါ်လာ၂.၅ထရီလီယံကျော်ကို ဖန်တီးပေးလိမ့်မည်ဟု ပေကျင်းက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly