တရုတ် ဗင်နီဇွဲလား ဆက်ဆံရေးများ ဆိုးဝါးလာ

By The Singapore Post
02 January 2021
တရုတ် ဗင်နီဇွဲလား ဆက်ဆံရေးများ ဆိုးဝါးလာ

ဇန်နဝါရီ ၂

တရုတ်က ဗင်နီဇွဲလားအား လက်တင်အမေရိကရှိ ၎င်း၏အဓိက ပါတနာအဖြစ် ယူဆသည်။ တရုတ်သည် ရေနံအများဆုံးတင်သွင်းသူဖြစ်ပြီး ဗင်နီဇွဲလားကတော့ သက်သေပြနိုင်သော အရံသိုလှောင် ရေနံပမာဏအကြီးဆုံးရှိသောနိုင်ငံလည်းဖြစ်သည်။ တရုတ်ဖွံ့ဖြိုးရေးဘဏ် (CDB)က ဗင်နီဇွဲလားကို  အမြင့်မားဆုံး ချေးငွေပေးထားသည်။ ထိုကဲ့သို့ သဟဇာတဖြစ်နေသော်လည်း တရုတ်-ဗင်နီဇွဲလား ဆက်ဆံရေးသည် တရုတ်၏ “ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး” အောက်ရှိ နိုင်ငံခြားရေး မူဝါဒ   မှားယွင်းအသုံးချနေပုံကို ပြသသည့် ပြဌာန်းပုံရိပ်ဖြစ်လာသည်။
 
တရုတ်က မာဒူရိုနှင့် ချားဗက်စ်အစိုးရများအား ဘဏ္ဍာရေးနှင့် စီးပွားရေး ထောက်ပံ့မှုများ ပေးခဲ့တာက  ဒေသတွင်း မတည်ငြိမ်မှုနှင့် လွဲမှားစွာ အုပ်ချုပ်မှုကို ဦးတည်စေခဲ့သည်။ နိုင်ငံတွင်း သဘောထားကွဲလွဲမှုများကို  ပိတ်ပင်တားဆီးရန် မာဒူရိုအစိုးရအား စောင့်ကြည့်ရေး ကိရိယာများ တရုတ် ZTE က ထောက်ပံ့ခဲ့သည်။ ဗင်နီဇွဲလား၏ ရေနံအရင်းအမြစ်များကို ခေါင်းပုံဖြတ်ခွင့်ရဖို့ ဗင်နီဇွဲလား အစိုးရ၏ အားနည်းချက်နှင့် အကျင့်ပျက်ခြစားမှုများကို တရုတ်က အခွင့်ကောင်း ယူခဲ့ခြင်းဖြစ်သည်။ ဗင်နီဇွဲလား၏ သဘာဝအရင်းအမြစ်များကို ရယူနိုင်ရေးအတွက် တရုတ်၏မဟာဗျူဟာကတော့ ရေနံစီမံကိန်းများအတွက် ချေးငွေထုတ်ပေးခြင်းဖြစ်သည်။ လတ်တလောတွင် တရုတ်ဖွံ့ဖြိုးရေးဘဏ်သည် ဗင်နီဇွဲလားကို အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကျော်တန်ကြေးရှိ ချေးငွေပေးထားသည်။
 
ကံမကောင်းလှစွာဘဲ တရုတ်ကော ဗင်နီဇွဲလား နှစ်နိုင်ငံလုံးသည် ရေနံဈေးများ သိသိသာသာ ကျဆင်းသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပါ။ ထို့အပြင် နိုင်ငံရေးမတည်ငြိမ်မှုက ဗင်နီဇွဲလားကို တရုတ်ကြွေးမြီ၏ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ ချေးငွေများ ပြန်လည် မပေးနိုင်သည့်အတွက် တရုတ်နှင့် ပြန်လည် ညှိနှိုင်းနေရသည်။ တရုတ်ငွေဖြင့် စီးပွားရေးအောင်မြင်မှု မျှော်လင့်သူများ၏ အခြေအနေပြောင်းလဲမှုသည် တရုတ်စွန့်ဦးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို အခွင့်အရေးသမားများဟု မြင်လာစေကာ သာမန် ဗင်နီဇွဲလား ပြည်သူများအကြား မကျေနပ်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။
 
ဗင်နီဇွဲလားတွင် တရုတ်စီမံကိန်းများစွာ လုပ်လက်စတန်းလန်းနှင့်ရပ်တန့်ခဲ့ကာ နိုင်ငံအတွက် စီးပွားရေးကုန်ကျစရိတ်များစေခဲ့သည်။ ယနေ့ထိပင် ဗင်နီဇွဲလားသားတို့က သူတို့၏ မြေပေါ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို မယုံကြည်ဘဲဖြစ်နေသည်။ ဒေသတွင်း တရုတ်ပါဝင်ပတ်သက်မှု တစ်ခုတည်းက ဆယ်စုနှစ်များစွာ အဆိုးဝါးဆုံး နိုင်ငံရေး၊ လူသားချင်းစာနာမှုနှင့် စီးပွားရေး အကြပ်အတည်းသို့ ကျရောက်စေခဲ့သည်။
 
ထို့အပြင် တရုတ်သည် ဗင်နီဇွဲလားကို လေကြီးမိုးကြီးကတိပေးခဲ့သည်။ နိုင်ငံက ဘေးအန္တရာယ်အကြပ်အတည်းသို့ ကျရောက်သည့်အခါတွင်မှာတော့ လုံးဝစွန့်ပစ်ကာ ဘေးမှ စောင့်ကြည့်နေခဲ့သည်။ ဗင်နီဇွဲလားကိုထောက်ခံကြောင်း  ထုတ်ပြန်ကြေညာချက်များစွာ ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့အခြေအနေကို ပြောင်းလဲဖို့လုပ်ဆောင်ချက်ကတော့ စိုးစဉ်းမှမရှိပါ။ ထိုသို့ပစ်ပယ်မှုက မြန်မာ၊ မလေးရှား၊ ထိုင်း စသော တရုတ်နှင့် ချေးငွေအဆက်အဆံရှိသော ဖွံ့ဖြိုးဆဲ နိုင်ငံများအား တရုတ်ရင်းနှီးမြှုပ်နှံမှုကနေ ပေါ်ပေါက်လာနိုင်ဖွယ်ရှိသော ခြိမ်းခြောက်မှုများကို သတိထားစေခဲ့သည်။

 တရုတ်ကို ယုံကြည်လို့မရသည်ကတော့ ရှင်းနေသည်။ ဗင်နီဇွဲလားတွင် တရုတ် ဖန်တီးခဲ့သော ပျက်ဆီးမှုများအား ဖြေရှင်းရန် အမေရိကက ကြိုးပမ်းနေရသည်။ ကံမကောင်းစွာပင် သင်ခန်းစာယူရမည့်အစား အမေရိက၏ ဗင်နီဇွဲလားနိုင်ငံအတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ပြန်လည် ရရှိရန် ရည်ရွယ်ချက်များကို ပြိုင်ပွဲတစ်ခုအဖြစ် တရုတ်က လွဲမှားစွာရှု့မြင်နေသည်။ ဗင်နီဇွဲလားရှိ ကွဲပြားသော အစိုးရများအား နှစ်နိုင်ငံက ထောက်ပံ့ပေးနေသည်။ ထို့ကြောင့် ဗင်နီဇွဲလားသည် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု၏ အငြင်းပွားမှုအများဆုံး နေရာများမှ တစ်ခုအပါအဝင်ဖြစ်လာသည်။  သို့ရာတွင် ၎င်းအဖြစ်အပျက်ကာ တရုတ်သည် အရင်းအမြစ်များကို နည်းလမ်းပေါင်းစုံဖြင့် မည်သို့ ထုတ်ယူ‌နေကြောင်း ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly