AA ပြန်လွှတ်ပေးသူ NLD ပါတီအမတ်လောင်း ၃ ဦး စစ်တွေသို့ မွန်းလွဲပိုင်းတွင်ရောက်မည်

AA ပြန်လွှတ်ပေးသူ NLD ပါတီအမတ်လောင်း ၃ ဦး စစ်တွေသို့ မွန်းလွဲပိုင်းတွင်ရောက်မည်

ဇန်နဝါရီလ ၁ ၊ ၂၀၂၁

ရခိုင့်တပ် AA က ဖမ်းဆီးခေါ်ဆောင်ခဲ့သော တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းသုံးဦးကို ယနေ့တွင် ပြန်လွှတ်ပေးရာ စစ်တွေမြို့သို့ မွန်းလွဲ ၁ နာရီခန့်တွင် ရောက်ရှိမည်ဟု သိရှိရသည်။

 အာဏာရပါတီ၏ဒေသဆိုင်ရာ ပါတီဝင်တစ်ယောက်က “ ဒီနေ့လည် ၁နာရီလောက်မှာ အမ်းကနေ တစ်ဆင့်လွှတ်မယ်လို့ ကြားထားတယ်။ အတွင်းစကားကတော့ အမ်းကနေ စစ်တွေကို နေ့လည် ၁နာရီလောက်ရောက်မယ်လို့ သိရတယ်။” ဟု မဇ္ဈိမသို့ပြောသည်။

ဖမ်းဆီးခဲ့သူများကို ပြန်လွှတ်ပေးရာတွင် တပ်မတော်သို့လွှဲပြောင်းပေးမှာဖြစ်သည်ဟု AA နှင့်နီးစပ်သော သတင်းရပ်ကွက်များအရ သိရသည်။

 တောင်ကုတ်မြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမင်းအောင်၊ဒေါ်နီနီမေမြင့်၊ဒေါ်ချစ်ချစ်ချောတို့ကိုရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းအလိုတွင် AA လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
 
NLD ပါတီဝင်သုံးဦးအပြင် ကျန်းမာရေးမကောင်းသည့် တပ်မတော်သား သုံးဦးကိုလည်း ပြန်လွှတ်ပေးမည်ဟု ရခိုင်အခြေစိုက် နိရဉ္စရာ သတင်းဌာနကလည်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly