ယခုနှစ်ကုန်တွင် တောင်တရုတ်ပင်လယ်အတွင်း နောက်တစ်ကြိမ် ကင်းလှည့်ဖွယ်ရှိ ဟု အမေရိကန်ရေတပ်ပြော

ယခုနှစ်ကုန်တွင် တောင်တရုတ်ပင်လယ်အတွင်း နောက်တစ်ကြိမ် ကင်းလှည့်ဖွယ်ရှိ ဟု အမေရိကန်ရေတပ်ပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၂၁ ။            ။ ယခုနှစ်မကုန်မီတွင် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတုများ၏ ၁၂မိုင်နယ်နိမိတ်အတွင်း နောက်ထပ်ကင်းလှည့်မှုတစ်ခုကို အမေရိကန်ရေတပ်က   ပြုလုပ်ဖွယ်ရှိကြောင်း အမေရိကန် ရေတပ်အရာရှိတစ်ဦးက နိုဝင်ဘာလ ၂၁ရက်နေ့က ပြောကြားခဲ့သည်။

နိုင်ငံတကာဥပဒေအရ ရေကြောင်းသွားလာမှုလွတ်လပ်ခွင့်ကို အပြည့်အဝအသုံးချသည့်အနေဖြင့် လွန်ခဲ့သည့်လက အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘော USS Lassenက စပရတ်လေကျွန်းစု များအတွင်းရှိ တရုတ်လူလုပ်ကျွန်းများအနီးမှ ခုတ်မောင်းသွားခဲ့ရာ ပေကျင်းက ဒေါသတကြီးဖြင့် ပြစ်တန်ဝေဖန်ခဲ့သည်။

နိုင်ငံတကာဥပဒေက အပ်နှင်းထားသည့် အခွင့်အရေးများကို အသံုံးချရန်နှင့် ၎င်း၏အမြင်ကို တရုတ်နှင့် အခြားနိုင်ငံများအား သတိပေးရန် ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်ရေတပ်က ဒေသတွင်းတွင် နှစ်ကြိမ် (သို့မဟုတ်) ပိုမို၍ ကင်းလှည့်မည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက ယခုလတွင် ပြောကြားခဲ့သည်။

စပရတ်တလေကျွန်းစုများအတွင်း နောက်တစ်ကြိမ်ကင်းလှည့်မှုမှာ ဒီဇင်ဘာလတွင် ဖြစ်နိုင်ဖွယ်ရှိသည်ဟုလည်း အမေရိကန် ရေပတ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယခုရက်သတ္တပတ်တွင် အာရှပစိဖိတ်ညီလာခံသို့ တက်ရောက်ရန် သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အကြိုအနေဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန် ဘီ-၅၂ ဗုံးကြဲလေယာဉ်နှစ်စင်းက တရုတ် ကျွန်းတုများအနီးမှ ဖြတ်ပျံသွားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly