ဇန်နဝါရီအပြောင်းအရွှေ့အတွင်း မိမိတွင်ကစားသမားသစ်ခေါ်ပိုင်ခွင့်မရှိဟု မော်ရင်ဟိုပြော

ဇန်နဝါရီအပြောင်းအရွှေ့အတွင်း မိမိတွင်ကစားသမားသစ်ခေါ်ပိုင်ခွင့်မရှိဟု မော်ရင်ဟိုပြော

ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ဝယ်ရန်အတွက် အသင်းထံတောင်းဆိုပိုင်ခွင့် မိမိတွင်မရှိဟု ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံသည် ပရီးမီးယားလိဂ် ၁၂ ပွဲကစားအပြီးတွင် ခုနစ်ပွဲရှုံးနိမ့်ထားကာ အဆင့် ၁၆ သို့ရောက်နေသည်။

"လက်ရှိအသင်းကိုပိုင်ဆိုင်ထားတဲ့ ကျွန်တော်ပျော်ပါတယ်။ ကစားသမားတွေကိုလည်းယုံကြည်ပြီး ကျေလည်းကျေနပ်ပါတယ်"ဟု စနေညတွင် နော့ဝှစ်ချ်နှင့် စတမ်းဖို့ဒ်ဘရစ်၌ ကစားမည့်ပွဲ မတိုင်မီ မော်ရင်ဟိုက ပြောသည်။

ချယ်လ်ဆီးအသင်းသည် ဘာစီလိုနာစူပါစတား မက်ဆီနှင့် ဂျူဗင်တပ်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ဇန်နဝါရီအတွင်း ခေါ်ယူရန် အပြင်းအထန် ကြိုးစားနေသည်ဟု သတင်းထွက်နေသည်။
သို့သော် မော်ရင်ဟိုက လက်ရှိပိုင်ဆိုင်ထားသော ကစားသမားများကိုသာ ခြေစွမ်းပြန်တက်လာစေရန် အလိုရှိနေသည်။

"ဒီရာသီပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ရဲ့ခြေစွမ်းက မကောင်းပါဘူး။ ကစားသမားတွေကို ကျွန်တော်ယုံကြည်တယ်ဆိုတာသိစေချင်ပြီး ရည်ရွယ်ချက်ရောက်ဖို့အတွက် အခြားကစားသမားတွေ မလိုပါဘူး"ဟု မော်ရင်ဟိုက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly