25 တေးသီချင်းအယ်လ်ကို ဒစ်ဂျစ်တယ် တေးဂီတ ဝန်ဆောင်မှုတွင် တင်သွားမည် မဟုတ်ဟု အဒဲလ် ပြောကြား

25 တေးသီချင်းအယ်လ်ကို ဒစ်ဂျစ်တယ် တေးဂီတ ဝန်ဆောင်မှုတွင် တင်သွားမည် မဟုတ်ဟု အဒဲလ် ပြောကြား

ဗြိတိန်အဆိုတော် အဒဲလ်၏ တေးသီချင်း အယ်လ်ဘမ်သစ် 25 ကို Spotify၊ Apple Music နှင့်  Deezer အပါအဝင် ဒစ်ဂျစ်တယ် တေးဂီတဝန်ဆောင်မှုတွင် ရရှိနိုင်မည် မဟုတ်ကြောင်း ကုမ္ပဏီများ က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

Apple ကုမ္ပဏီက Apple တေးသီချင်း ဝန်ဆောင်မှုတွင် 25 တေးသီချင်း အယ်လ်ဘမ်ကို ရရှိနိုင်မည် မဟုတ်ကြောင်းနှင့် အဒဲလ်၏ 25 တေးသီချင်း အယ်လ်ဘမ်သည် နိုဝင်ဘာ ၂၀ ရက်က ထွက်ရှိခဲ့သည်။

အဲဒ်၏ 25 တေးသီချင်း အယ်လ်ဘမ်ထဲမှ မကြာသေးမီက ထွက်ရှိခဲ့သော Hello တေးသီချင်း သည် Apple တေးသီချင်း ဝန်ဆောင်မှုတွင် ဆက်လက် ရရှိသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက အစီရင် ခံစာတွင် ပြောကြားထားသည်။

Spotify အွန်လိုင်း တေးသီချင်း ဝန်ဆောင်မှုကလည်း 25 တေးသီချင်း အယ်လ်ဘမ်သည် ၎င်းတို့၏ အွန်လိုင်းတွင် ရနိုင်မည်မဟုတ်ကြောင်း followers များကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အဒဲလ်ကို ချစ်ခင်လေးစားသလို Spotify အွန်လိုင်းတေးသီချင်း ဝန်ဆောင်မှုကို အသုံးပြုနေကြတဲ့ အဒဲလ်ရဲ့ ၂၄ သန်းသော ပရိတ်သတ်တွေကလည်း အဒဲလ်ကို ချစ်ပါတယ်။ အဒဲလ် အနေဖြင့် 19 နှင့် 21 တေးသီချင်း အယ်လ်ဘမ်တို့လို 25 တေးသီချင်း အယ်လ်ဘမ်ကို ပရိတ်သတ် တွေ နားဆင်နိုင်အောင် Spotify မှာ မကြာမီ တင်ခွင့်ပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ကုမ္ပဏီက အစီရင်ခံစာတွင် ပြောကြားထားသည်။ အဒဲလ်၏ ကိုယ်စားလှယ်က ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်လို့ ထင်မြင်ချက်ပေးရန် ငြင်းပယ်ခဲ့သည်။

အဒဲလ်၏ 25 တေးသီချင်း အယ်လ်ဘမ်သစ်သည် ၂၀၁၁ ခုနှစ်က  21 တေးသီချင်း အယ်လ် ဘမ် ထွက်ရှိပြီးနောက်ပိုင်း ပထမဆုံး ထွက်ရှိသည့် အဒဲလ်၏ တေးသီချင်း အယ်လ်ဘမ် ဖြစ်သည်။ အဒဲလ်၏ 25 တေးသီချင်း အယ်လ်ဘမ်သစ်သည် မထွက်မီ နှစ်ရက်အလို  နိုဝင်ဘာ ၁၇ ရက်က အွန်လိုင်းတွင် ပေါက်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly