ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှုနှင့် ကိုအရည်ကြိုကို We Love Yangon က တာဝန်မှ ရပ်စဲ

ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှုနှင့် ကိုအရည်ကြိုကို We Love Yangon က တာဝန်မှ ရပ်စဲ
Photo Credit - WORLD WIDE KTV

ဒီဇင်ဘာ ၂၇၊ ၂၀၂၀ 

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ဆရာစံလမ်းတွင်ရှိသည့် The World Wide ကေတီဗီကို ရှောင်တင်ခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အမျိုးသား၊ အမျိုးသမီး ရှစ်ဦးနှင့် ဆိုင်တာဝန်ခံကို သဘာဝ ဘေးအန္တရာယ် ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မ ၃၀ (က) ဖြင့် အရေးယူထားကြောင်း သိရသည်။  

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၆ ရက်၊ ည ၁၁ နာရီ ၄၅မိနစ် အချိန်တွင် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ အောက်ထပ်တွင်ရှိသည့် အခန်း ရှစ်ခန်းအနက် အခန်းအမှတ် (၈) နှင့် (၉) တွင် သောက်လက်စ ဘီယာပုလင်းများနှင့် စားလက်စ ပန်းကန်တို့ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။  

ထိုသို့ တွေ့ရှိသည့်အတွက် ဆက်လက် ရှာဖွေရာ အပေါ်ထပ် အလုပ်သမားနားနေခန်းတွင် လာရောက် စားသောက် သီဆိုသည့် အမျိုးသား လေးဦးနှင့် အမျိုးသမီးလေးဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။  

ဗဟန်းမြို့နယ် ရဲတပ်ဖွဲမှူးနှင့် ဗဟန်းမြို့မ ရဲစခန်းမှူးတို့ကို ဖမ်းဆီးထားသည့် အခြေအနေ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။  

ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က “မနေ့ညက သတင်းအရ ရှောင်တခင် စစ်ဆေးတဲ့အခါမှာ ဆိုင်ထဲမှာ အမျိုးသား လေးယောက်နဲ့ အမျိုးသမီး လေးယောက် ဧည့်သည်တွေကို တွေ့ရှိခဲ့ရပြီးတော့ ဖမ်းဆီးပြီး မြို့နယ်ရဲတပ်ဖွဲ့ကို အပ်နှံခဲ့ပါတယ်။ ဧည့်သည် ရှစ်ဦးနဲ့ ဆိုင်တာဝန်ခံ တစ်ဦးနဲ့ စုစုပေါင်း ကိုးဦးကို ဖမ်းဆီးခဲ့ပါတယ်။ အာမခံကတော့ ရနိုင်ပါတယ်။ ဥပဒေအကြံပေးကို ဥပဒေ အကြံတောင်းထားပြီးပြီဆိုတော့ အာမခံရတဲ့ ပုဒ်မဆိုရင်တော့ အာမခံရနိုင်ပါတယ်။ အခုလိုအချိန်မျိုးမှာ stay at home ရှိတဲ့ ဗဟန်းမြို့နယ်မှာ ကေတီဗီဆိုင်တွေကို မဖွင့်ပါနဲ့ ပြောထားတာကို ဖွင့်တာကတော့ ဘယ်ကောင်းမလဲဗျ” ဟု ပြောသည်။  

COVID -19 ကူးစက်ပြန့်ပွားနေသည့် ကာလအတွင်း ဘေးအန္တရာယ်ဆိုင်ရာ တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်၍ သောက်စားသီဆိုခြင်း ပြုလုပ်ရန် KTV ဖွင့်လှစ်လုပ်ကိုင်သည့် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်၊ ဆရာစံလမ်းရှိ The World Wide ကေတီဗီ ဆိုင်တာဝန်ခံ ဦးအေးထွန်းကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ (၂၅) ဖြင့် အမှုဖွင့် အရေးယူထားဟု သိရှိရသည်။  

ကျန် အမျိုးသား လေးဦးနှင့် အမျိုးသမီး လေးဦးကို သဘာဝ ဘေးအန္တရာယ်ဆိုင် ဥပဒေပုဒ် ၃၀ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။  

မဇ္စျိမ သတင်းဌာနက စုံစမ်းရာတွင် ဆိုင်တာဝန်ခံ ဦးအေးထွန်းမှလွဲပြီး ကျန်အမျိုးသား လေးဦးနှင့် အမျိုးသမီး လေးဦးကို ဒီဇင်ဘာလ ၂၇ ရက်တွင် အာမခံပေးပြီး ပြန်လွှတ်ထားကြောင်း သိရသည်။  

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း (၁) တွင် ကိုဗစ်ကာလအတွင်း တရားမဝင် ဖွင့်လှစ်နေသည့် The Myst Bar & Lounge Yangon နိုက်ကလပ်ကို နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူ ၈၀ ကျော် ဖမ်းဆီးခံခဲ့ရသေးသည်။  

ဖမ်းဆီးခံရသည့် လူ၈၀ကျော်တွင် စစ်ဖက်အရာရှိဟောင်း သားသမီးအများစုနှင့် နိုင်ငံခြားသားတစ်ချို့ ထိမ်းသိမ်းခဲခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly