Hand to God ပြဇာတ်အား West End ပြဇာတ်ရုံတွင် ပြသတော့မည်

Hand to God ပြဇာတ်အား West End ပြဇာတ်ရုံတွင် ပြသတော့မည်

ဇာတ်လမ်းထဲတွင် နှှုတ်ကြမ်းသော စရိုက်ရှိသည့် ရုပ်သေးရုပ်တစ်ရုပ် ပါဝင်သော ပြဇာတ် “Hand to God” ကို နယူးယောက်ရှိ Broadway ပြဇာတ်ရုံမှနေ၍ လန်ဒန်ရှိ West End ပြဇာတ်ရုံ သို့ ပြောင်းလဲ ဖျော်ဖြေ ပြသတော့မည် ဖြစ်သည်။

ဒါရိုက်တာ Robert Askins စီစဉ်ဖန်တီးသော ပြဇာတ်မှာ ဆယ်ကျော်သက် ခရစ်ယာန်တစ် ဦးအား Tyrone အမည်ရှိ မကောင်းဆိုးဝါး အရုပ်က လွှမ်းမိုးထားပုံကို ဇာတ်လမ်းဆင် ဖန်တီးထားခြင်း ဖြစ်သည်။

ထိုပြဇာတ်မှာ Tony ဆုအတွက် ငါးကြိမ်တိုင်တိုင် အမည်စာရင်း တင်သွင်းခြင်း ခံခဲ့ရပြီး၊ အကောင်းဆုံး ပြဇာတ်သစ် ဆုနှင့် အကောင်းဆုံး ဒါရိုက်တာ ဆုများအပါအဝင် ဆုများစွာအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရသည်။ ထိုပြဇာတ်အား “ညစ်ညမ်းသော အောင်ပွဲ” ဟု The Guardian သတင်းစာက ဆိုခဲ့သည်။

ထိုပြဇာတ်အတွက် ပါဝင် သရုပ်ဆောင်ကြသော အနုပညာရှင်များထဲတွင် Janie Dee ၊ Neil Pearson တို့နှင့်အတူ ဟယ်ရီပေါ်တာ ဇာတ်ကားထဲမှ သရုပ်ဆောင် Harry Melling တို့ ပါဝင်ကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly