ဆန်းဒါးလန်းအသင်းပိုင်ရှင်သစ်ဖြစ်လာမယ့် အသက် ၂၂ နှစ်အရွယ် ဘီလျံနာ လူးဝစ်ဒရေးဖပ်စ်

ဆန်းဒါးလန်းအသင်းပိုင်ရှင်သစ်ဖြစ်လာမယ့် အသက် ၂၂ နှစ်အရွယ် ဘီလျံနာ လူးဝစ်ဒရေးဖပ်စ်

လိဂ်ဝမ်း (တတိယတန်း)ကလပ် ဆန်းဒါးလန်းအသင်းက ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် လူးဝစ်ဒရေးဖပ်စ်ဟာ အရှေ့မြောက်ပိုင်းကလပ်မှာ စတီးဝပ် ဒေါ်နယ်ရဲ့ ထိန်းချုပ်ပိုင်ဆိုင်မှုကို ရယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (EFL) က အတည်ပြုခဲ့မယ်ဆိုရင် အသက် ၂၂ အရွယ်သာရှိသေးတဲ့ ပြင်သစ်သား လူးဝစ်ဒရေးဖပ်စ်ဟာ ဆန်းဒါးလန်းအသင်းရဲ့ အဓိက ရှယ်ယာရှင်အဖြစ် နှစ်သစ်ကူးအစောပိုင်းမှာ မြင်တွေ့ရပါလိမ့်မယ်။ 

"ဆန်းဒါးလန်းအသင်းကို မှန်ကန်တဲ့သူလက်ထဲကို လက်လွှဲပေးပြီး ရှေ့ဆက်သွားဖို့အတွက် ကျနော် အချိန်အတော်အတန်ကြာ ရှာဖွေနေခဲ့တယ်ဆိုတာ ဒါက လျှို့ဝှက်ထားစာရာ မလိုပါဘူး။ ပြီးခဲ့တဲ့ နှစ်အတွင်းမှာပဲ ကွဲပြားခြားနားတဲ့လူအများအပြားက ပိုင်ဆိုင်လိုတဲ့ ဆန္ဒရှိနေခဲ့ကြပါတယ်။"လို့ ဒေါ်နယ်က ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောပါတယ်။ 

လူးဝစ္စဒရေးဖပ်စ်ဟာ ရုရှားဖွား ဆွစ်ဘီလျံနာဖြစ်သူ မာဂရီးတာ လူးဝစ္စဒရေးဖပ်စ်ရဲ့ သားဖြစ်ပြီး Louis Dreyfus Group ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။ သူမခင်ပွန်း ရောဘတ်ဟာ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ပြီးနောက် ဒီနေရာကို ဆက်ခံခဲ့တာဖြစ်ပါတယ်။ ရောဘတ်ဟာ ပြင်သစ်လီဂူး-၁ ကလပ် မာဆေးလ်အသင်းရဲ့ ပိုင်ရှင်ဟောင်းဖြစ်ခဲ့ပါတယ်။ 

"ဒီ အလွှဲအပြောင်းအတွက် EFL ရဲ့ ခွင့်ပြုချက်ကို လေးစားစွာနဲ့ စောင့်ဆိုင်းနေပါတယ်။"လို့ လူးဝစ္စဒရေးဖပ်စ်က ပြောပါတယ်။ 

ဆန်းဒါးလန်းအသင်းကို ဦးဆောင်မယ့် လူးဝစ္စဒရေးဖပ်စ်ကတော့ ပေါင် ၁.၅ ဘီလီယံအထိ ကြွယ်ဝတယ်လို့ သိရပါတယ်။ 

ဆန်းဒါးလန်းအသင်းဟာ သူတို့ရဲ့ နောက်ဆုံးအဓိကဆုဖလားကို ဆွတ်ခူးခဲ့တာက ၁၉၇၃ ခုနှစ်မှာဖြစ်ပြီး လက်ရှိမှာ လိဂ်ဝမ်းမှာ ဇယားဦးဆောင်သူ ပို့စ်မောက်အသင်းရဲ့နောက် ၇ မှတ်အကွာ အဆင့် ၁၁ မှာ ရပ်တည်နေပေမယ့် လက်ကျန် နှစ်ပွဲကစားဖို့ ရှိနေပါတယ်။ 

Ref; Reuters 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly