အာမခံမဝယ်ယူခင် သိထားသင့်တဲ့ အချက် (၅) ချက်

အာမခံမဝယ်ယူခင် သိထားသင့်တဲ့ အချက် (၅) ချက်

နှစ်သစ်တစ်နှစ်ကို ကူးပြောင်းတော့မယ့် အချိန်အခါမှာ သင့်ဘဝတစ်လျှောက်လုံးအတွက်ရော သင့်မိသားစုရဲ့အနာဂတ်အတွက်ပါ ငွေကြေးအကာအကွယ်ပြုလုပ်ပေးခြင်းဟာ သူတို့အတွက်  အဖိုးတန်ဆုံးသောလက်ဆောင်တစ်ခုဖြစ်လာပါလိမ့်မယ်။ သင့်အနေနဲ့  အသက်အာမခံပေါ်လစီဝယ်ယူဖို့စိတ်ဝင်စားပေမယ့် ဘယ်ကနေစပြီး ဘယ်လိုဝယ်ရမလဲဆိုတာမသိဘူးဆိုရင် ဒီဆောင်းပါးကသင့်အတွက်အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ အသက်အာမခံဆိုတာက အသစ်အဆန်းသဖွယ်ဖြစ်နေသေးသလို နိမိတ်ဆိုးတစ်ခုအဖြစ်နဲ့ သတ်မှတ်တတ်ကြတာမို့ လူအများရဲ့ စိတ်ဝင်စားမှု နည်းပါးနေသေးတဲ့ အကြောင်းအရာလည်း ဖြစ်နေသေးပါတယ်။

သို့သော်လည်း အခုရောက်ရှိနေတဲ့သက္ကရာဇ်ကို ဖြတ်ကျော်ခဲ့ရပြီးတဲ့နောက်မှာတော့ သင့်အနေနဲ့  မိမိရဲ့မိသားစုဝင်တွေအတွက်  ငွေကြေးအကာအကွယ်ရယူထားပေးနိုင်ဖို့… အသက်အာမခံနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ပိုမိုသိထားဖို့လိုပါပြီ။ ၂၀၂၀ ခုနှစ်မှာ ကျွန်တော်တို့ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်နေကြရတဲ့ အခိုက်အတန့်ဖြစ်သလို ဒီကပ်ရောဂါကြီးကြောင့် ကျွန်တော်တို့ရဲ့အိမ်ခြံမြေပိုင်ဆိုင်မှု၊ ဘဏ္ဍာရေးနဲ့  မိမိရဲ့ မိသားစုအနာဂတ်အတွက်ကြိုတင်စီမံဖို့လိုအပ်ကြောင်းကို ပြန်လည်သတိထားမိစေပါတယ်။ ကျွန်တော်တို့ မိသားစုဝင်တွေအတွက် စိတ်ရောကိုယ်ပါကျန်းမာနေခြင်းဟာ ဆုလာဘ်တစ်ခုဖြစ်တယ်ဆိုတာကို လည်း ထင်ထင်ရှားရှားသတိပြုမိလာပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က မိမိရဲ့မိသားစုနဲ့ မိမိကိုယ်ကိုအကာအကွယ်ရယူဖို့ စီမံတဲ့အချိန်မှာ ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာကို သိလာပြီဖြစ်လို့ နှစ်သစ်မှာ အရာအားလုံးကို အကောင်းဘက်ကပြန်စဖို့ အသင့်ဖြစ်ဖို့လိုပြီဖြစ်ပါတယ်။ ဒါကြောင့် ပြင်ဆင်တဲ့နေရာမှာ အဓိကနေရာက ထည့်သွင်းစဥ်းစားရမယ့် အသက်အာမခံအကြောင်းကို မဝယ်ယူခင်ကတည်းက ပိုပြီးသိရှိစေဖို့အပြင် အသက်အာမခံဝယ်ယူမယ့် အချိန်မှာ တိကျရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင် ဒီအချက် ၅ ချက်ကို မဖြစ်မနေသိရှိထားဖို့ လိုပါလိမ့်မယ်။ 

၁။ အာမခံအမျိုးအစားတွေကို လေ့လာပါ

အာမခံလို့ဆိုရာမှာ အမျိုးအစားများစွာရှိတာကို သင့်အနေနဲ့ ဦးစွာသိရှိထားဖို့လိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံ၊ မော်တော်ယာဥ်အာမခံ၊ မီးဘေးအာမခံ၊ ခရီးသွားအာမခံ၊ အသက်အာမခံ အစရှိတဲ့အာမခံ အမျိုးအစားတွေများစွာ ရှိပါတယ်။ ဒီအာမခံတွေထဲကမှ ကိုယ်က ဘာအတွက် အာမခံထားဖို့ လိုတယ်ဆိုတာကို စဥ်းစားပြီးတာနဲ့ ကိုက်ညီမယ့် အာမခံအမျိုးအစားကို ‌ရွေးချယ်နိုင်ပါပြီ။ အကယ်၍ သင့်မှာကလေးရှိမယ်ဆိုရင်တော့ အောက်ပါအာမခံ (၂) မျိုးကို အဓိကထား လေ့လာကြည့်လိုက်ပါ။

  • အသက်အာမခံ

သင့်အပေါ်ငွေကြေးအရမှီခိုနေသူ တစ်စုံတစ်ယောက်ရှိနေရင် သင့်အတွက်အသက်အာမခံထားရှိဖို့ လိုကိုလိုပါလိမ့်မယ်။ အသက်အာမခံဟာ သင်နဲ့သင့်မိသားစုကို ငွေကြေးအရအကာကွယ်ပေးဖို့ စီစဥ်ရေးဆွဲထားတဲ့အာမခံဖြစ်ပြီး အာမခံသက်တမ်းကုန်ဆုံးတဲ့အချိန်အထိ  သင့်အတွက်ရေရှည်ငွေကြေးစုဆောင်းမှုတစ်ခုအဖြစ်လည်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ COVID-19 ကနေ ရလာတဲ့သင်တန်းစာကိုပြောရမယ်ဆိုရင်တော့… ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုနဲ့ငွေကြေးကို အချိန်ပြည့်လုံခြုံမှုရှိနေအောင် ကြိုတင်ပြင်ဆင်ထားခြင်းဟာ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်းကို သိလာစေတာပါပဲ။ အသက်အာမခံဟာ ဒီအခြေအနေကိုကာကွယ်ပေးမှာဖြစ်ပြီး အဓိကအကျဆုံးကတော့ သင့်ကိုသောကကင်းစေမှာဖြစ်ပါတယ်။ အနာဂတ်အတွက် အာမခံရှိနေပြီဆိုတာသိထားတဲ့အခါ မမှန်းဆနိုင်တဲ့မတော်တဆဖြစ်ရပ်တွေအပေါ် စိုးရိမ်စိတ်လျော့ကျသွားစေမှာဖြစ်လို့ အေးချမ်းတဲ့အနာဂတ်မိသားစုဘဝကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

  • ပညာရေးအသက်အာမခံ

ပညာသင်ကြားနေဆဲသားသမီးတွေရှိနေတဲ့ မိသားစုအတွက် ငွေကြေးအမွေချန်ခဲ့ဖို့ စဥ်းစားတဲ့အခါမှာ မိဘတစ်ယောက်အနေနဲ့ ဆက်လက်ကုန်ကျမယ့် ကလေးတွေ ရဲ့ပညာသင်စရိတ်ကို မဖြစ်မနေဦးစားပေးစီစဥ်ဖို့လိုပါတယ်။ ပညာရေးအသက်အာမခံဟာ သင့်ကလေးရဲ့ပညာရေးကို ငွေကြေးအရထောက်ပံ့မှုပေးနိုင်မှာဖြစ်ပြီး သူတို့ရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက် ပညာသင်စရိတ်စုဆောင်းပေးရာလည်းရောက်ပါတယ်။

၂။ ကိုယ်ရေးကိုယ်တာအချက်အလက်တချို့ကို မျှဝေပေးဖို့ မစိုးရွံ့ပါနဲ့

အကယ်၍ အာမခံအကြံပေးပုဂ္ဂိုလ်က သင့်ရဲ့ကျန်းမာရေးအခြေအနေ၊ မိသားစုကျန်းမာရေးမှတ်တမ်း၊ ဝင်ငွေ၊ အမွေ၊ ဝါသနာနဲ့ နေထိုင်မှုပုံစံ စတဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မေးမြန်းလာရင် စိုးရိမ်ကြောင့်ကြမှု မရှိပါနဲ့။ သူကဒီအချက်အလက်တွေကိုအခြေခံပြီး သင့်လိုအပ်ချက်နဲ့ကိုက်ညီမယ့် ပေါ်လစီကိုအကြံပြုသွားမှာဖြစ်လို့ပါ။ သင်ဝယ်မယ့်ပေါ်လစီက သင့်ငွေကြေးအခြေအနေနဲ့သင့်လျော်မှုရှိ/မရှိ၊ သင့်ဘဝရှေ့ရေးမှာ ကြုံတွေ့လာနိုင်တဲ့အခက်အခဲတွေကိုတိုင်းတာပြီးမှသာ အာမခံအကြံပေးပုဂ္ဂိုလ်က အကြံပေး ဆွေးနွေးသွားမှာဖြစ်ပါတယ်။
 
၃။ အသက်အရွယ်နဲ့ အချိန်အခါကို ညှိနှိုင်းယူပါ

အထက်ဖော်ပြပါ အကြောင်းအရာတွေကိုဆက်စပ်ပြီး ပြောရမယ်ဆိုရင် ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ အသက်အာမခံကိုဝယ်မယ်ဆိုရင် သင့်အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေပေါ်မှုတည်ပြီး ပေါ်လစီပမာဏဘယ်လောက်ဝယ်ယူရင် သင့်အတွက်ကိုက်ညီမလဲဆိုတာကို ချင့်ချိန်လို့ရပါတယ်။ ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းသူတစ်ယောက်ပေးရမယ့် ပရီမီယံကြေးပမာဏက ရောဂါအခံရှိသူ အသက်ပိုကြီးသူထက် ပိုနည်းမှာတော့ အသေအချာပါပဲ။ 

၄။ သင့်ရဲ့အသက်အရွယ်အပေါ်မူတည်ပြီး အကောင်းဆုံး ပရီမီယံအစီအစဉ်ကို ရယူပါ။ 

အသက်အာမခံဝယ်ယူခြင်းဟာ ကတိကဝတ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အသက်အာမခံဝယ်ယူတဲ့အခါ ပရီမီယံကြေး အနည်းအများပေါ် မူတည်စဥ်းစားတာထက် သင်ထားရှိမယ့်အသက်အာမခံအစီအစဥ်က သင့်လိုအပ်ချက်၊ နေထိုင်မှုပုံစံနဲ့ အနာဂတ်အစီအစဥ်တွေနဲ့ သေချာစွာကိုက်ညီမှု ရှိ/မရှိဆိုတာကိုပဲ အာမခံအကြံပေးပုဂ္ဂိုလ်နဲ့ အသေးစိတ် တိုင်ပင်ဖို့လိုပါတယ်။

၅။ အာမခံကုမ္ပဏီရဲ့သမိုင်းကြောင်းကို လေ့လာပါ

အာမခံဝယ်ယူတဲ့အခါ ကိုယ်က ဘယ်လိုအာမခံဝယ်ယူမယ်ဆိုတဲ့ အချက်အပြင် ဒီအာမခံကို ဘယ်အာမခံကုမ္ပဏီကနေ ဝယ်ယူလိုက်တယ်ဆိုတဲ့ အရာကလည်း အရေးတကြီး ထည့်သွင်းစဥ်းစားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ သင်ဝယ်ယူမယ့်အာမခံရဲ့တန်ဖိုးက အာမခံကုမ္ပဏီရဲ့ယုံကြည်အားကိုးလို့ရ/မရအပေါ်အများကြီးမူတည်နေပါတယ်။ အာမခံကုမ္ပဏီတစ်ခုရဲ့ ခံယူချက်၊ အာမခံလုပ်ငန်းနယ်ပယ်မှာလုပ်ကိုင်လာတဲ့ နောက်ခံသမိုင်းကြောင်းနဲ့ သူတို့လုပ်ဆောင်ခဲ့တဲ့အချက်တွေကို အရင်လေ့လာပြီးမှ ဆုံးဖြတ်တာကအကောင်းဆုံးပါပဲ။ သင်ချွေတာစုဆောင်းထားတဲ့ ငွေနဲ့ သင်ချစ်တဲ့လူတွေရဲ့အနာဂတ်ကိုအကာအကွယ်ပေးနိုင်ဖို့ သင့်ယုံကြည်မှုကိုပုံအပ်ထားရမှာဖြစ်လို့ ယုံကြည်အားကိုးထိုက်တဲ့ အာမခံကုမ္ပဏီကို ရွေးချယ်ဖို့က အင်မတန်အရေးကြီးပါတယ်။

မကြာမီအချိန်မှာ ရောက်ရှိလာတော့မယ့် နှစ်သစ်မှာ သင်နဲ့သင်ချစ်တဲ့လူတွေအတွက် အသက်အာမခံထားရှိပြီး ငွေကြေးအကာအကွယ်ပေးဖို့ ဆုံးဖြတ်ထားလိုက်ပြီဆိုရင်တော့ အချက်အလက်စုံစုံလင်လင်ရပြီး သင့်အတွက်အသင့်လျော်ဆုံးဖြစ်မယ့် အစီအစဥ်ကိုဝယ်ယူဖို့ ဆုံးဖြတ်နိုင်အောင် ကြိုတင်လေ့လာထားစေချင်ပါတယ်။ ၂၀၂၀ ခုနှစ်ဟာ လူတိုင်းအတွက်ခက်ခဲတဲ့အချိန်ကာလတစ်ရပ်ဖြစ်ခဲ့ပေမယ့် အခုလိုနှစ်သစ်ကို ကူးပြောင်းတော့မယ့် အချိန်မှာ သင့်မိသားစု၊ မိတ်ဆွေအပြင်သင်ချစ်ရတဲ့ သူတွေနဲ့အတူ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ သင့်မိသားစုအတွက်အကောင်းဆုံးလက်ဆောင်ဖြစ်တဲ့ အနာဂတ်ဘဝအတွက် အသက်အာမခံထားပြီး ကိုယ်ချစ်ရသူတွေကိုအမြဲကာကွယ် စောင့်ရှောက်နိုင်ကြပါစေ။ ပျော်ရွှင်ဖွယ်ခရစ္စမတ်အချိန်အခါ ဖြစ်ပါစေ ခင်ဗျာ။

နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိတဲ့ Manulife အာမခံကုမ္ပဏီက မြန်မာမိသားစုတွေအတွက် ယုံကြည် စိတ်ချရတဲ့ လက်တွဲဖော်ဖြစ်ပါတယ်။ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အသင့်လျော်ဆုံး အာမခံအမျိုးအစား၊ ရယူနိုင်မယ့်အာမခံတွေနဲ့ အာမခံသဘောတရားတွေကို ကောင်းကောင်းနားလည်နိုင်ဖို့ Manulife ရဲ့ ကျွမ်းကျင် တဲ့ အာမခံကိုယ်စားလှယ်များနှင့်အာမခံ အကြံပေးပုဂ္ဂိုလ် များက သေချာရှင်းပြပေးမှာပါ။ Manulife ကို မြန်မာနိုင်ငံမှာ ၁၉၀၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး ပေါ်လစီကို ရောင်းချခဲ့ခြင်းနဲ့အတူ ရှည်လျားတဲ့သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပြီး မြန်မာ့စျေးကွက်ထဲပြန်လည်ဝင်ရောက်ခဲ့ချိန်ကစလို့ Manulife က မြန်မာနိုင်ငံရှိ တည်ဆဲအာမခံလုပ်ငန်းဥပဒေစည်းမျဉ်းစည်းကမ်းတွေနှင့်အညီလိုက်နာဆောင်ရွက်ပြီး၊ လုပ်ငန်းရှင်တွေနဲ့ အမြဲတမ်း လက်တွဲဆောင်ရွက်ခဲ့ပြီး ဆန်းသစ်တဲ့ အာမခံအမျိုးအစားတွေကို ဘယ်လိုဖန်တီးအသုံးချရမလဲ ဆိုတဲ့ အကြံဉာဏ်ကောင်းတွေ အမြဲတမ်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ Manulife က မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆက်ပြီးကူညီထောက်ပံ့ပေးနေပါတယ်။

Manulife အနေနဲ့ ဘယ်လိုငွေကြေးအစီအစဉ်ကောင်းတွေနဲ့ ကူညီပေးမလဲဆိုတာသိချင်တယ်ဆိုရင်တော့

ဖုန်း - +၉၅ ၉ ၇၆၅၄၆၇၁၀၀
အီးမေးလ် - [email protected] နှင့်
Manulife Myanmar Facebook page (https://www.facebook.com/Manulife.Myanmar/) တို့ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly