'ကျနော်တို့ ဆုဖလားတွေကို စတင် ကိုင်မြှောက်ဖို့ လိုပါပြီ။' - ဟယ်ရီ မက်ဂွိုင်းယား

'ကျနော်တို့ ဆုဖလားတွေကို စတင် ကိုင်မြှောက်ဖို့ လိုပါပြီ။' - ဟယ်ရီ မက်ဂွိုင်းယား
Photo: EPA

အဲဗာတန်ကို အနိုင်ရမှုနဲ့အတူ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို တက်ရောက်နိုင်ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ "ဆုဖလားတွေကို စတင် ကိုင်မြှောက်ဖို့ လိုပါပြီ"လို့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက ပြောပါတယ်။  

ယူနိုက်တက်ရဲ့ နောက်ဆုံးပြည်တွင်းဖလားဟာ ၂၀၁၇ ခုနှစ်က လိဂ်ဖလားဖြစ်ခဲ့ပြီး ဂွတ်ဒီဆင်ပါ့ခ်မှာ ကာဗာနီနဲ့ မာရှယ်တို့ရဲ့ ဂိုးတွေနဲ့ အဲဗာတန်ကို အနိုင်ရပြီးနောက် သူတို့ဟာ ဗိုလ်လုပွဲကို တက်ရောက်ဖို့ ပွဲစဉ်တစ်ပွဲသာ လိုတော့ပါတယ်။ 

ကာဗာနီရဲ့ ကိုက် ၂၀ ကနေ အပြင်းကန်သွင်းချက်နဲ့ ပရိသတ် ၂,၀၀၀ ရှေ့မှောက်မှာ ယူနိုက်တက်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး ပွဲပြီးခါနီးမှာတော့ မာရှယ်ရဲ့ အနိုင်သေချာစေမယ့် ဒုတိယမြောက် ဂိုးကို ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြအနေနဲ့ သူ့ရဲ့ ပထမဆုံးဖလား ဆွတ်ခူးဖို့ ခြေတစ်လှမ်း ပိုနီးစပ်လာပါပြီ။ 

"ကျနော်တို့ဟာ ဆုဖလားတွေ ဆွတ်ခူးဖို့ မျှော်လင့်ထားပါတယ်။"လို့ မက်ဂွိုင်းယားက ဆိုပါတယ်။ "ဒီကစားပွဲကြီးတွေကို တက်လှမ်းဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီပွဲကြီးပွဲကောင်းတွေကို စတင်အနိုင်ရယူပြီး ဒီကလပ်အတွက် အချို့သော ဆုဖလားတွေ ကိုင်မြှောက်ပေးဖို့ လိုအပ်နေပါပြီ။" 

"ဒါဟာ အကောင်းဆုံးစွမ်းဆောင်ပြနိုင်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့ ပွဲချိန်အစောပိုင်းကတည်းက ဦးဆောင်နိုင်ခဲ့သင့်ပါတယ်။ ကျနော်တို့ဟာ အခွင့်အရေးကောင်းတွေကို ၃၊ ၄ ကြိမ်အထိ ရရှိခဲ့ကြတယ်။ ကျနော်တို့ အဆုံးသတ်ပိုင်း ဒီထက်ပိုပြီး ကောင်းမွန်ဖို့ လိုအပ်ပါတယ်။"လို့ အသင်းခေါင်းဆောင်က ပွဲစဉ်အပေါ် မှတ်ချက်ပေးပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly