ရန်ကုန်ရှိ ဆောက်လုပ်ဆဲ တန်ဖိုးနည်း အိမ်ရာအချို့ကို အငှားအိမ်ရာ အဖြစ်ပြောင်းလဲရန် စီစဉ်

ရန်ကုန်ရှိ ဆောက်လုပ်ဆဲ တန်ဖိုးနည်း အိမ်ရာအချို့ကို အငှားအိမ်ရာ အဖြစ်ပြောင်းလဲရန် စီစဉ်

နေပြည်တော်၊နိုဝင်ဘာ၂၀ ။            ။ ရန်ကုန်မြို့ ရှိ တည်ဆောက်ဆဲ တန်ဖိုးနည်းအိမ်ရာ အချို့ကို အငှားအိမ်ရာ အဖြစ် ပြောင်းလဲဆောင်ရွက်ရန်  သက်ဆိုင်ရာသို့ တင်ပြထား သည့်အထားရှိကြောင်း   နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပသည့်  သတင်းစာရှင်းလင်းပွဲ၌ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးမင်းအောင်ကျော်က   ပြောသည်။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ကွင်းဆင်းလေ့လာကြည့်သည့်အခါတွင် ဝယ်ထားသူများက ထပ်ဆင့်ဈေးတင်ထားသည့် အတွက် ဈေးနှုန်းများအရမ်းမြင့်နေကြောင်း၊သို့ဖြစ်၍ တန်ဖိုးနည်းအိမ်ရာကို အငှားအဖြစ် ပြန်လည်ပြောင်းလဲလိုက်ပါက ပြည်သူများအတွက် နေစရာ အခက်အခဲများကို ဖြည့်ဆည်းပြီးဖြစ်မည်ဟု ယူဆမိကြောင်း၎င်းက ရှင်းပြသည်။

ရန်ကုန်မြို့တွင် တန်ဖိုးအိမ်ရာ ရှေ့ပြေးစီမံကိန်းအဖြစ်  ရွှေလင်းပန်းတန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ခဲ့ ကြောင်းနှင့်ရောင်းချမှုကို မဲစနစ်ဖြင့် ရောင်းချခဲ့ပြီး ဝယ်ယူနိုင်စွမ်းနိုင်လည်း နည်းပါးသည်ကို ဝန်ကြီးဌာနမှ တွေ့ ရကြောင်း ဦးမင်းအောင်ကျော်က ဆိုသည်။

တည်ဆောက်ဆဲ တန်ဖိုးနည်းအိမ်ယာများဖြစ်သည့် ရွှေလမ်းပန်းတန်ဖိုးနည်းအိမ်ရာ  အပိုင်း၂ နှင့်အပိုင်း ၃ မှ ထပ်မံရရှိမည့် တိုက်အခန်းများနှင့် ဒဂုံမြို့သစ်တွင် တည်ဆောက် ဆဲဖြစ်သည့် ယုဇန တန်ဖိုးနည်းအိမ်ရာ များမှ အချို့ကို အငှားအိမ်ရာ အဖြစ်ပြောင်းလဲဖို့ သက်ဆိုင်ရာသို့ တင် ပြထားကြောင်း မြိ့ပြနှင့် အိမ်ရာ  ဖွံ့ဖြိုးရေးဌာနမှ သိရသည်။

ရွှေလင်းပန်းတန်ဖိုးနည်း အိမ်ယာစီမံကိန်း အပိုင်း ၂ နှင့်အပိုင်း၃ သည် လှိုင်သာယာမြို့ နယ်တွင် ရှိပြီး တည်ဆောက်မှု ၇၅ ရာခိုင်နှုန်းပြီးစီး ဖြစ်ကြောင်းနှင့် ယုဇနတန်ဖိုးနည်းအိမ်ရာသည် ဒဂုံဆိမ်ကမ်းမြို့နယ်တွင် တည်ဆောက်နေပြီး တည်ဆောက်မှု ၃၀ ရာခိုင်နှုန်းပြီးစီဖြစ်ကြောင်း မြို့ ပြ နှင့်အိမ်ရာဖွံ့ဖြိုမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးစိုးတင့်၊မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း၊ အဆောက်အဦး ဦးစီဌာမှ ညွှန်ကြားရေးမှူး ဦးဟန်စိုးတို့ တက်ရောက်ခဲ့ကြသည်။                                                

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly