KBZPay က ချေးငွေ customer တွေအတွက် Credit Score တစ်ခု တည်ဆောက်နိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေဝန်ဆောင်မှု စတင်ပေးအပ်ခဲ့တဲ့အကြောင်း

KBZPay က ချေးငွေ customer တွေအတွက် Credit Score တစ်ခု တည်ဆောက်နိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေဝန်ဆောင်မှု စတင်ပေးအပ်ခဲ့တဲ့အကြောင်း

ကမ္ဘောဇဘဏ်ကနေ ‘20 in 2020’ ဆိုတဲ့ အကြောင်းအရာပေါင်း (၂၀) ပါဝင်တဲ့ အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇဘဏ်နဲ့ KBZPay တို့ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ KBZPay  က မြန်မာနိုင်ငံမှာ ချေးငွေ ရယူနိုင်မှု ပိုမို ကျယ်ပြန့်လာအောင် နောက်ဆုံးပေါ် ခေတ်မီနည်းပညာတွေ ဘယ်လို အသုံးချနေလဲဆိုတဲ့အကြောင်း တင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။
 
မြန်မာနိုင်ငံမှာ စမတ်ဖုန်းအသုံးပြုမှုနှုန်း မြင့်တက်လာပြီး လူငယ်ပိုင်းတွေက မိုဘိုင်းဦးစားပေး ဘဝနေထိုင်မှုပုံစံတွေကို အဓိက ပြောင်းလဲကျင့်သုံးလာတာနဲ့အမျှ KBZPay က ဝန်ဆောင်မှုအသုံးပြုသူတွေကို အက်ပလီကေးရှင်းအတွင်း ချေးငွေဝန်ဆောင်မှုပုံစံအမျိုးမျိုးနဲ့ ဝန်ဆောင်မှုပေးပြီး ပြည်သူတွေအနေနဲ့ ချေးငွေဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီနိုင်အောင် တိုးချဲ့ပေးနိုင်မယ့် အခွင့်အရေးကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီချေးငွေပုံစံအမျိုးမျိုးက KBZPay အသုံးပြုသူတွေအတွက် အာမခံချက်မရှိတဲ့ ပြင်ပနေရာတွေကနေ ချေးငွေယူရမယ့်အစား နိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ကမ္ဘောဇဘဏ်က လုံခြုံစိတ်ချရမှု၊ ခိုင်မာမှုတို့နဲ့ ပံ့ပိုးပေးထားပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်တဲ့ ချေးငွေဝန်ဆောင်မှုတွေကို အာမခံချက်ရှိရှိ မြန်မြန်ဆန်ဆန် ရယူနိုင်အောင် လုပ်ပေးထားပါတယ်။
 
၂၀၂၀ ခုနစ်၊ ဇွန်လမှာ KBZPay ဈေးဝယ်ချေးငွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ KBZPay ဈေးဝယ်ချေးငွေကို လခစား ဝန်ထမ်း၊ KBZPay အသုံးပြုသူတွေအနေနဲ့ ငွေကျပ်သိန်း (၅၀) အထိ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ချေးငွေ ရယူနိုင်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူး၊ ပုသိမ်၊ မော်လမြိုင်၊ မိတ္ထီလာ၊ ပြည်၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ ကျောက်ဆည်နဲ့ မကွေးမှာရှိတဲ့ KBZPay မိတ်ဖက်ဈေးဆိုင် (၂၁၆) ဆိုင်က ဘယ်ဆိုင်မှာမဆို မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ် အိမ်အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်။
 

ဈေးဝယ်ချေးငွေ လျှောက်ထားတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို KBZPay မိုဘိုင်းအက်ပလီကေးရှင်းမှာပဲ လုပ်စရာလိုတဲ့အတွက် စာရွက်စာတမ်းတွေ သုံးဖို့မလိုဘဲ လျှောက်လွှာတင်တဲ့ အဆင့်တွေ အစ၊ အဆုံး မိုဘိုင်းစနစ်နဲ့ လုပ်နိုင်ပါတယ်။ ချေးငွေရယူသူတွေက အပေါင်ပစ္စည်း၊ အာမခံ ပုဂ္ဂိုလ်၊ လျှောက်လွှာကြေးစတာတွေကို ပေးဖို့မလိုအပ်သလို လျှောက်ထားတဲ့ ချေးငွေကို ရ/မရ အတည်ပြုခြင်းကို (၄၈) နာရီ အတွင်း ဆောင်ရွက်ပေးပါတယ်။ KBZPay ဈေးဝယ်ချေးငွေက ချေးငွေရယူလိုသူက ချေးငွေရသင့်၊ မရသင့်ဆိုတဲ့ အချက်ကို စက်ရဲ့ လေ့လာသင်ယူနိုင်စွမ်းအား အသုံးချထားတဲ့ နည်းပညာနဲ့ အလိုအလျောက် စစ်ဆေးဆုံးဖြတ်ပေးတဲ့ (automated decision-making process) နဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
 
ချေးငွေရရှိကြောင်း အတည်ပြုစာ ရပြီးတဲ့ နောက်တစ်နေ့ကစပြီး ဈေးဝယ်မယ့်သူက KBZPay ရဲ့ မိတ်ဖက်ဈေးဆိုင် တစ်ဆိုင်ဆီသွားပြီး KBZPay မိုဘိုင်း ပိုက်ဆံအိတ်ထဲက ဈေးဝယ်ချေးငွေအတည်ပြု QRကုတ်နဲ့ ကိုယ်ကြိုက်တာကို တိုက်ရိုက် ဝယ်ယူနိုင်ပါတယ်။ KBZPay မိုဘိုင်း ပိုက်ဆံအိတ်အတွင်းက ဈေးဝယ်ချေးငွေနဲ့ ၁၂ လ၊ ၁၈ လ၊ ၂၄ လ စတဲ့ အဆင်ပြေတဲ့ လစဉ် ချေးငွေပြန်လည်ပေးဆပ်မှုပုံစံကို ရွေးချယ်နိုင်ပါတယ်။
 
မကြာသေးခင်ကပဲ KBZPay က ကိုယ်ပိုင်ချေးငွေ လို့ခေါ်တဲ့ ချေးငွေပုံစံ နောက်ထပ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ ကိုယ်ပိုင်ချေးငွေကို ဈေးဝယ်ချေးငွေ ပုံစံအတိုင်း စာရွက်စာတမ်း သုံးစရာမလိုဘဲ မြန်ဆန်လွယ်ကူစွာ လျှောက်ထားနိုင်တဲ့ နည်းလမ်းနဲ့ အတည်ပြုတဲ့အဆင့်တွေ အသုံးပြုထားပြီး ဝင်ငွေမြင့်တဲ့ customer တွေအနေနဲ့ မြန်မာငွေ သိန်း (၁၀၀) ထိ ချေးငွေရယူနိုင်အောင် ဝန်ဆောင်မှုပေးထားပါတယ်။ ကိုယ်ပိုင်ချေးငွေတွေကို customer ရဲ့ KBZPay မိုဘိုင်း ပိုက်ဆံအိတ်ထဲကို လက်ကျန်ငွေအဖြစ် လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ချေးငွေရတဲ့ customer အနေနဲ့ ကိုယ့်အိမ်ပြန်ပြုပြင်ဖို့နဲ့ ကားပြုပြင်ထိန်းသိမ်းဖို့ ဒါမှမဟုတ် ဆေးကုသတဲ့အခါ ကုန်ကျငွေတွေအတွက် သာမက ဘယ်လိုငွေကြေးလိုအပ်အတွက်မဆို သုံးနိုင်ပါတယ်။
 

"KBZPay ဈေးဝယ်ချေးငွေနဲ့ KBZPay ကိုယ်ပိုင်ချေးငွေတွေကို မိတ်ဆက်ပေးလိုက်တာဟာ နိုင်ငံအတွင်းမှာရှိတဲ့ လူတွေ အထူးသဖြင့် အလုပ်လုပ်နေတဲ့ လူတွေရဲ့ ငွေကြေးဆိုင်ရာအခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် ကမ္ဘောဇဘဏ်ရဲ့ ကတိကဝတ်ကို ထင်ဟပ်စေပါတယ်။ Big Data တွေနဲ့ ခေတ်မီစစ်ဆေးရေး နည်းပညာတွေသုံးပြီး ကျွန်တော်တို့က လူလူချင်း ပုဂ္ဂိုလ်ရေး အကဲဖြတ်မှုတွေ၊ လူကလုပ်တဲ့ အမှားတွေကို အနည်းဆုံးလျော့ချရင်း အသုံးပြုသူတစ်ယောက်ချင်းဆီရဲ့ Credit Score ဆိုတဲ့ ချေးငွေရမှတ်တွေ၊ ချေးငွေပမာဏ သတ်မှတ်ချက်တွေကိုပါ ချက်ချင်းတွက်ချက်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ဘာတွေရှိဦးမလဲဆိုတော့ တာဝန်သိစိတ်ရှိရှိနဲ့ ချေးငွေရယူပြီး အချိန်မီ ပြန်ဆပ်တဲ့ အသုံးပြုသူတွေအနေနဲ့လည်း ချေးငွေရမှတ် Credit Score ကောင်းကောင်းပြန်ရနိုင်မှာ ဖြစ်သလို အဲ့ဒီရမှတ်ကောင်းတွေက အနာဂတ်မှာ ကောင်းကျိုးတွေ ရရှိအောင် လုပ်ဆောင်ပေးသွားမှာပါ" လို့ KBZPay ရဲ့ ဥက္ကဌ Chong Ho Yoon က ဆိုပါတယ်။
 
KBZPay ဈေးဝယ်ချေးငွေနဲ့ ကိုယ်ပိုင်ချေးငွေ လျှောက်ချင်တယ်ဆိုရင်တော့ KBZPay အသုံးပြုသူတွေအနေနဲ့ KBZPay app ရဲ့ KBZPay Loan Center စာမျက်နှာက “KBZPay Shopper Loan” ဒါမှမဟုတ် “KBZPay Personal Loan” ကို နှိပ်ပါ။ “ယခု လျှောက်ထားမည်” ကို နှိပ်ပြီး ချေးငွေပမာဏနဲ့ လစဉ်ချေးငွေပြန်ဆပ်ရမယ့် ကာလကြာချိန်အမျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။ လျှောက်ထားသူက ချေးငွေလျှောက်ဖို့ နောက်ထပ်အဆင့်တွေ မလုပ်ခင် အတိုးပါပြီး လစဉ်ပြန်ဆပ်ရမယ့် ပမာဏကို တွက်ချက်ပြီး ပြသထားတာကို မြင်ရမှာပါ။
 
ကမ္ဘောဇဘဏ်က customer တွေကို တာဝန်ယူမှုရှိရှိ ချေးငွေရယူဖို့နဲ့ လိုအပ်တဲ့ ပစ္စည်းတွေအတွက်ကို ဝယ်ယူဖို့ပဲ ဦးစားပေး ချေးယူကြပါလို့ အကြံပြု တိုက်တွန်းလိုပါတယ်။ တာဝန်ယူမှုရှိရှိ ချေးငွေရယူဖို့အတွက် အကြံပြုချက်အချို့ကို အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။

  • ပစ္စည်းဝယ်ဖို့ လိုအပ်တဲ့ ငွေပမာဏတစ်ခု သတ်မှတ်ထားပြီး သတ်မှတ်ထားသော ငွေပမာဏထက်ပိုပြီး ချေးငွေ မယူပါနဲ့။
  • ချေးငွေပြန်ဆပ်နိုင်ဖို့ ကိုယ့်ရဲ့ လစဉ်ဝင်ငွေထဲက ခွဲတမ်းချထားပါ။
  • ဒဏ်ကြေးငွေ ပေးဆောင်ရခြင်းက ရှောင်ရှားနိုင်ဖို့အတွက် လစဉ်ပေးသွင်းရမယ့် နောက်ဆုံးနေ့ရက် မတိုင်မီ ပြန်လည် ပေးဆပ်ပါ။
  • လက်ရှိ ဆပ်ဖို့ကျန်တဲ့ ချေးငွေပမာဏကို ပုံမှန်စစ်ဆေးပါ။
  •  တစ်ချိန်တည်းမှာ ချေးငွေ အများကြီး မယူပါနဲ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly