အယ်ကလက်စီကိုပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီဟု ဂါရတ်ဘေးလ်ပြော

အယ်ကလက်စီကိုပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီဟု ဂါရတ်ဘေးလ်ပြော

စနေနေ့တွင် ဘာစီလိုနာနှင့်ကစားမည့် အယ်ကလက်စီကို ဒါဘီပွဲစဉ်အတွက် ရီးယဲလ်မက်ဒရစ်အသင်းပြင်ဆင်နေစဉ် ရှေ့တန်းလူဂါရတ် ဘေးလ်က ယင်းတိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု ပြောဆို လိုက်သည်။

အသက် ၂၆ အရွယ်ဝေးလ်လက်ရွေးစင်ကစားသမားသည် အောက်တိုဘာအတွင်း ခြေသလုံးကြွက်သားဒဏ်ရာရခဲ့သဖြင့် ပွဲစဉ်လေးပွဲ လွဲချော်ခဲ့ပြီး နိုဝင်ဘာ ၈ တွင်ဆီဗီလာကို ရှုံးသည့်ပွဲမှသာ ပြန်လည် ကစားနိုင်ခဲ့သည်။

"ဒဏ်ရာကြောင့် ခြောက်ပတ်နားခဲ့ရလို့ ဒီရာသီမှာပွဲကစားခွင့် သိပ်မရသေးဘူး။ ဒါပေမဲ့ အခုတော့ ဒီတစ်ရာသီလုံးအတွက် ကြံ့ခိုင်နေပါပြီ"ဟု ဘေးလ်က ပြောသည်။ ဘေးလ်သည် ဒဏ်ရာပိုမို သက်သာအောင်အနားယူနေဆဲကာလတွင် ပြီးခဲ့သည့်တစ်ပတ်က နယ်သာလန်ကို ၃-၂ ဖြင့်ရှုံးသည့် ဝေးလ်လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲကိုလည်း လွဲချော်ခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အမှတ်ပေးဇယားထိပ်တွင် သုံးမှတ်ဖြတ်ဦးဆောင်ထားသည့် ဘာစီလိုနာနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ဘာစီလိုနာ အသင်းတွင် စက်တင်ဘာလကုန်ကတည်းက ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရသည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီလည်း ပြန်လည်ပါဝင် လာဖွယ်ရှိသည်။

"ကျွန်တော်တို့အသင်းက ဒီရာသီမှာကောင်းနေပါတယ်။ တစ်ပွဲသာရှုံးထားပြီး ခြေစွမ်းတိုးတက်လာဦးမယ်လို့ ထင်ပါတယ်။ တိုးတက်လာတဲ့ ခြေစွမ်းကောင်းက ကျွန်တော်တို့ကို လာလီဂါဖလားရအောင် ဦးဆောင်သွားပါလိမ့်မယ်"ဟု ဘေးလ်က ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly