ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပြင်သစ်နိုင်ငံတော်သီချင်း ဖွင့်လှစ်မည်

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပြင်သစ်နိုင်ငံတော်သီချင်း ဖွင့်လှစ်မည်

အင်္ဂလန်၊ နိုဝင်ဘာ ၂၀ ။               ။ ယခုတစ်ပတ်ကစားကြမည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲတွင် ပြင်သစ်နိုင်ငံတော်သီချင်း La Marseillaise ကို ဖွင့်လှစ်သွားမည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အကြီးအကဲ ရစ်ချက်စကူဒါမိုးက ထိုအစီအစဉ်ကို စိတ်ကူးပုံဖော်ခဲ့ခြင်းဖြစ်ပြီး ပဲရစ်မြို့အကြမ်းဖက်မှုတွင် အသက်ဆုံးရှုံးခဲ့ရသည့် လူပေါင်း ၁၂၉ ဦးအား လွမ်းဆွတ်သတိရခြင်းနှင့် အတူ စုပေါင်းညီညွတ်မှုကို ပြသခြင်းဖြစ်သည်။

ဒိုင်လူကြီးများဦးဆောင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် ပြင်သစ်နိုင်ငံတော်သီချင်းကို ဖွင့်လှစ်ထားမည် ဖြစ်သည်။

ဝင်ဘလေကွင်းတွင်ကစားခဲ့သည့် အင်္ဂလန်နှင့် ပြင်သစ်တို့၏ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွင်လည်း ပြင်သစ်နိုင်ငံတော်သီချင်းကို ကွင်းတစ်ကွင်းလုံးမှ သီဆိုခဲ့ကြသည်။

စကူဒါမိုးက 'ကျွန်တော်တို့ ဘယ်လောက် ရင်းနှီးညီညွတ်တယ်ဆိုတာ ပြသကြပါမယ်။ ပြင်သစ်နိုင်ငံနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြားမှာ ရှည်လျားတဲ့ ဆက်ဆံရေးရှိခဲ့သလို   ပြင်သစ်နိုင်ငံတော်သီချင်း ကိုဖွင့်လှစ်ခြင်းက သေဆုံးခဲ့ရသူတွေအတွက် ညီညွတ်မှုနဲ့သတိရမှုကို ပြသတဲ့ အမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါတယ်' ဟု ပြောသည်။

လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပြင်သစ်ကစားသမား ၇၂ ဦး ကစားလျက်ရှိသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly