နယူးဇီလန်က နိုင်ငံတော်အလံ အသစ်ပြောင်းရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ

နယူးဇီလန်က နိုင်ငံတော်အလံ အသစ်ပြောင်းရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ

နယူးဇီလန်နိုင်ငံက နိုင်ငံတော်အလံသစ် ပြဌာန်းရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို စတင်ကျင်းပလျက်ရှိပြီဖြစ်သည်။

အလံပုံစံငါးခုတွင် ကြိုက်နှစ်သက်ရာကို ယခုတစ်လတွင် ဦးစွာမဲပေးရမည်ဖြစ်ပြီး ၂၀၁၆ ဒုတိယသုတ် မဲပေးရာတွင် ဗြိတိန်၏ ယူနီယံဂျက်အလံနှင့် တူသည့် အလံဟောင်းနှင့် အသစ်အား အစားထိုးလိုမလို မဲဆန္ဒပေးကြရမည်ဖြစ်သည်။

ယခုလက်ရှိ အလံက ခေတ်သစ်နယူးဇီလန်ကို ကိုယ်စားမပြုကြောင်း ဝန်ကြီးချုပ်ဖြစ်သူ ဂျွန်ကီးက ပြောသည်။

ယခုအလံမှာ သြစတြေးလျအလံနှင့် အလွန်တူသည်ဟု ထင်မြင်ကြောင်း ၎င်းကပြောသော်လည်း မဲအစောပိုင်းရလဒ်များတွင် နယူးဇီလန်နိုင်ငံသားများက လက်ရှိအလံဟောင်းကို ပိုအကြိုက်တွေ့ကြကြောင်း တွေ့ရှိရသည်။

နိုင်ငံအနှံ့ ဒီဇိုင်းရေးဆွဲ ယှဉ်ပြိုင်စေရာတွင် အလံဒီဇိုင်းပေါင်း ၁၀၂၉၂ ခုအထိ အလံရွေးချယ်ရေးအဖွဲ့ထံ ရောက်ရှိခဲ့ပြီး ၎င်းတို့မှ ယခုအလံငါးခုကို ရွေးချယ်ကာ မဲပေးစေခြင်းဖြစ်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly